သမိုင်းဂုဏ်တော့ မညှိုးစေချင်


ပြည်စိုးအောင် ( စစ်ကိုင်း ) ရေးသားသည်

မနက်ဖြန်ဆိုရင်ပဲ အာရှအိုလံပစ်လို့ တင်စားကြတဲ့
အာရှအားကစားပြိုင်ပွဲကြီး၏ အမျိုးသားဘောလုံး
ပြိုင်ပွဲတွေစတင်တော့မှာပဲ ဖြစ်ပါတယ်

မြန်မာအမျိုးသားဘောလုံးအသင်းဟာ အဆိုပါ
ပြိုင်ပွဲကြီးမှာ ( ၁၁ ) ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး အာရှအိုလံပစ်ပြိုင်ပွဲ၏ ဝါရင့်သမ္ဘာရင့်
ဘောလုံးအသင်းတစ်သင်းပဲ ဖြစ်ပါတယ်

ပြီးခဲ့တဲ့ ( ၂၀၁၈ ) ခုနှစ် အာရှအားကစားပြိုင်ပွဲအထိ ( ၁၀ ) ကြိမ်အတွင်းမှာ ရွှေတံဆိပ် ( ၂ ) ကြိမ်
နဲ့ ကြေးတံဆိပ် ( ၁ ) ကြိမ်ရရှိခဲ့ဖူးပြီး ပြိုင်ပွဲကြီး၏
အအောင်မြင်ဆုံး အသင်းတွေထဲမှာ တစ်သင်းအပါ
အဝင်ဖြစ်ကြောင်းကို  ကစားသမားတွေအနေနဲ့ နားလည်ထားရပါမယ်

( ၁၉၇၀ ) ခုနှစ် ပြိုင်ပွဲကြီးမှာ မြန်မာအမျိုးသား
ဘောလုံးအသင်းမှ တိုက်စစ်မှူး ဦးဝင်းမောင် ဟာ
သွင်းဂိုး ( ၅ ) ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမား
အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ( ၂၀၁၈ ) ခုနှစ်ပြိုင်ပွဲကြီး
မှာလည်း အာရှအင်အားကြီးအသင်းတွေဖြစ်ကြတဲ့
မြောက်ကိုရီးယား ၊ ဆော်ဒီအာရေးဗီးယား ၊ အီရန်
အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ကာ

မြန်မာ ( ၁ - ၁ ) မြောက်ကိုရီးယား
မြန်မာ ( ၀ - ၃ ) ဆော်ဒီအာရေးဗီးယား
မြန်မာ ( ၂ - ၀ ) အီရန်

စတဲ့ ရလဒ်ကောင်းပိုင်ဆိုင်ခဲ့ပေမယ့် သွင်းဂိုး ( ၁ ) ဂိုးအကွာနဲ့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရကာ
နိုင်ငံအလိုက် အဆင့် ( ၁၉ ) နေရာမှာ ရပ်တည်နိုင်ခဲ့
ပါတယ်

ဒါက သမိုင်းကို ပြန်လှန်ခြင်းပါ
ယခုတစ်ခေါက် ယှဉ်ပြိုင်ရမယ့် ကစားသမားတွေ
သိထားသင့်တာက သမိုင်းဂုဏ်ကြီးမားခဲ့တဲ့ ပြိုင်ပွဲ
ကြီး တစ်ပွဲမှာ အရင်ကလို ပေါ့ပေါ့တန်တန် ကစားလို့ ( လုံးဝ ) မဖြစ်ဘူးဆိုတာပါပဲ

အုပ်စုအနေအထားအရလည်း မရဏအုပ်စုမဟုတ်
တဲ့အတွက် အရင်ကထက် ပိုပြီးကြိုးစားအားထုတ်
စေချင်ပါတယ် ၊ ရလဒ်တွေထက် မြန်မာအသင်းဟာ
သမိုင်းကြောင်းထဲကအတိုင်း မာကျောခက်ထန်ပြီး ပြိုင်ဘက်တွေအတွက် မလွယ်ကူတဲ့ အသင်းအဖြစ်
ပြကြရပါမယ်

ရုပ်ပျက်ဆင်းပျက် ပုံစံမျိုးဟာ ဒီပြိုင်ပွဲနဲ့ လုံးဝ
မအပ်စပ်တဲ့ အနေအထားဖြစ်တာကြောင့် ယခုလို
တစ်ကူးတစ်က ရေးသားတိုက်တွန်းရခြင်း ဖြစ်ပါ
တယ်

သမိုင်းကြောင်းကို ထိန်းနိုင်အောင်ကြိုးစားကြပါ
နောင်တော့် ၊ နောင်တော်ကြီးတွေရဲ့ ဂုဏ်ကို လုံးဝ
မညှိုးနွမ်းကြပါစေနဲ့ ...... ။

Post a Comment

Previous Post Next Post