Poverty Porn သို့ နင်းပြားကို နင်းပီး attention ရှာခြင်း၊အမြတ်ထုတ်ခြင်း။
Poverty Porn ဆိုတာဘာလဲဆိုရင် တခါက ရွှေကုန်သည်သူဌေးအကြီးစားကြီးက လမ်းဘေးမှာဈေးရောင်းနေတဲ့ ကလေးတွေကို သူ့မြေးတွေကို ပြပီး ပဒီးပဒါးတွေ ပြောတာမျိုး၊(သူ့မြေးတေဉာဏ်အလင်းပွင့်ဖို့ နင်းပြားကို နင်းပြတဲ့ အကွက်) စောက်ပြဿနာတထွေးကြီးတက်နေတဲ့ မင်းသား၊မင်းသမီးတွေက media attention ပြောင်းသွားအောင် Homeless တွေဆီသွား ( တဲအိပ်စုတ်စုတ်လေးတေ၊ဖြစ်သလိုေနထိုင်စားေသာက်ရတာေလးေတွကို ဆွဲရိုက်၊ကပ်ရိုက်၊ချဲ့ရိုက်) ပစည်းပေး၊လှူဒါန်းပီး လလလလ လုပ်တာမျိုး။
သူတထူးရဲ့ဆင်းရဲမွဲတေမှုကို အပြာကားတကားရိုက်ပြသလို အကွင်းအကွင်း မုန့်တီဟင်းလို ရိုက်ပြပီး moral high ground, intellectual high ground လူသူတော်ကောင်းကြီးတွေလုပ်ပြရိုက်ပြတဲ့ ဓာတ်ပုံ၊ဗီဒီယိုများက Poverty Porn ပါပဲ။
ဒီလို Poverty Porn တွေက မြန်မာ့ရေမြေ နဲ့ သိပ်ကိုက်ပါတယ်။ ဒီတော့ လူတယောက်ရဲ့ ဆင်းရဲမှုငတ်မွတ်မှုကို အကြောင်းပြပီး attention ယူ၊စီးပွားရှာ အမြတ်ထုတ်မယ့်သူတွေ တောင်လိုပုံလာတော့တာပါပဲ။social media အားကောင်းလာတော့ ပိုလို့ ပိုလို့ ဆိုးရွားလာတာပေါ့။
အကုန်လုံးကတော့
Pornကား မရိုက်ကြပေမယ့်
အများစုကတော့ Povertyကို Porn ကားလို ရိုက်နေကြလို့ပါ။ ပြားပီးသား နင်းပြားကို "လူ့သိက္ခာတပြားမှမကျန်အောင်" object တခုလို ပြပီး မျောက်ပြဆန်တောင်းနေတာက charity မဟုတ်ပါဘူး။
#povertyporn
Credit#Myint Zaw
Post a Comment