ကျန်းမာ​ရေးအတွက်အလွန်အကျိုးပြု​သော ဂဒက်ဥ

ဟိုးတစ်လောကမန္တလေးကမိတ်ဆွေတစ်ယောက်ကပြောပါတယ်။မြန်မာပြည်မှာကျောက်ကပ်ပျက်စီးကြတဲ့သူတွေတစ်နေ့ထက်တစ်နေ့ပိုပိုများလာပါတယ်တဲ့။
မန္တလေးတစ်မြို့ထဲမှာတင်ကျောက်ကပ်ပျက်စီးသူတွေအများကြီးပါပဲတဲ့။တစ်ချို့ဆိုရင်ကျောက်ကပ်က၁၀%လောက်ပဲအလုပ်လုပ်တော့တဲ့အတွက်မကြာခဏကျောက်ကပ်ဆေးနေရလို့ပိုက်ဆံအရမ်းကုန်ပါတယ်တဲ့။ဒါကြောင့်သဘာဝနည်းနဲ့ကျောက်ကပ်ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့နည်းလမ်းကိုအများပြည်သူအကျိုးအတွက်ရှာကြံပြီးဝေမျှပေးပါလို့တောင်းဆိုလာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ကျွန်တော့်အမျိုးသမီးနဲ့ပတ်သက်ပြီးတရုတ်ဆရာဝန်မကြီးတစ်ယောက်နဲ့အဆက်အသွယ်ရခဲ့ပါတယ်။သူဟာတရုတ်ပြည်မှာနာမည်ကြီးစာရင်းဝင်ဆရာဝန်မကြီးတစ်ယောက်ပါ။တရုတ်ဆရာဝန်တွေကအနောက်တိုင်းဆေးပညာကိုတရုတ်ရိုးရာတိုင်းရင်းဆေးပညာနဲ့ပေါင်းစပ်ပြီးတရုတ်ဘာသာစကားနဲ့သင်ကြားခဲ့ရတဲ့အတွက်ဘက်စုံနှံ့စပ်အောင်သိကြသူတွေဖြစ်ပါတယ်။မျက်နှာကြည့်လိုက်ရင်သော်၄င်း၊လက်ကောက်ဝတ်ကိုစမ်းလိုက်ရင်သော်၄င်းဘာဖြစ်နေတယ်ဆိုတာကိုဒက်ကနဲပြောနိုင်ပါတယ်။

တရုတ်ဆရာဝန်မကြီးကိုကျောက်ကပ်ပျက်စီးမှုအ
ကြောင်းကိုမေးမြန်းလိုက်ပါတယ်။ကျောက်ကပ်ပျက်စီးနေကြရတာဟာကိုယ်တွင်းအဆိပ်တွေမျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်း၊ဓာတုဗေဒဆေးတွေကိုရေရှည်သုံးစွဲသူတွေကျောက်ကပ်ပျက်စီးကြောင်း၊သဘာဝမဟုတ်တဲ့ဆေးတွေကိုသတိထားဖို့လိုကြောင်း၊အဆိုးဆုံးကတော့Capsuleတွေကိုပလပ်စတစ်ဖြင့်ပြုလုပ်ထားရင်အရမ်းကိုဥပဒ်ဖြစ်တတ်ကြောင်း၊ဖြည့်စွက်ဆေးတွေကိုလည်းသဘာဝမဟုတ်ရင်မသုံးသင့်ကြောင်း၊ဖြည့်စွက်ဆေးဆိုတိုင်းလည်းမိမိရဲ့ဇီဝကမ္မဖြစ်စဉ်နဲ့သဟဇတဖြစ်ချင်မှဖြစ်တတ်ကြောင်း၊လူတိုင်းနဲ့တည့်မှာမဟုတ်ကြောင်းစသည်ဖြင့်အများကြီးပြောသွားပါတယ်

ဒီတော့ကျောက်ကပ်ပျက်စီးတဲ့သူတွေသဘာဝအတိုင်းပြန်ကောင်းရအောင်ဘယ်လိုလုပ်ရမလဲဆရာမကြီးလို့မေးလိုက်ပါတယ်။ကျောက်ကပ်ပြန်ကောင်းဖို့အတွက်တရုတ်တွေအားထားဆုံးကတော့Chinese Yam ပြဲဖစ်ပါတယ်တဲ့။Chinese Yamမှာပါတဲ့အင်ဇိုင်းတွေကကျောက်ကပ်ကိုပြန်လည်တည်ဆောက်ပေးနိုင်ကြောင်းများများစားစရာမလိုဘဲတစ်နေ့ကို၁လက်မလောက်စားပေးတာနဲ့ကျောက်ကပ်ကတဖြည်းဖြည်းပြန်ကောင်းလာနိုင်ကြောင်း၊ကျောက်ကပ်ပျက်စီးနေသူတွေရောကျောက်ကပ်ကိုကာကွယ်ထားလိုသူတွေရောစားသင့်ကြောင်းဆရာမကြီးကပြောပြပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာမရှိဘူးဆရာမကြီးလို့ဆိုတော့တစ်ကမ္ဘာလုံးမှာရှိပါတယ်တဲ့။ကျောက်ကပ်ပျက်စီးနေသူတွေဟာရှောင့်သင့်တာတွေကိုရှောင်ပြီးchinese yam ကိုပုံမှန်စားသွားစေချင်ပါတယ်တဲ့။

အဲဒီလိုဆိုတော့Chinese Yam ဆိုတာဘာလဲဆိုတာကိုလိုက်ရှာရတော့တာပေါ့ဗျာ။GoogleတွေUtubeတွေမှာအသည်းအသန်လိုက်ရှာရပါတော့တယ်။တွေ့ပါပြီ၊တွေ့ဖူးနေတယ်၊အတော်ကိုရင်းနှီးနေသလိုပဲ။Memoryပြန်ခေါ်ပြီးစဉ်းစားခန်းဝင်လိုက်တော့ငယ်ငယ်ကကျိုက်ထီးရိုးတက်တုန်းကမြင်ဖူးခဲ့တာကိုအမှတ်ရတယ်။အခုနောက်ပိုင်းမှာခေတ်စားတဲ့အကင်ဆိုင်တွေမှာရောင်းတာကိုသတိထားမိတယ်။တရုတ်ဟော့ပေါ့ဆိုင်တွေမှာလည်းတွေ့မိတယ်၊market place,city martတွေမှာလည်းရောင်းတာကိုမျက်လုံးထြဲမင်လာတယ်။ဒါကြောင့်အနီးဆုံးcity mart ကိုပြေးပြီးသွားရှာတော့တွေ့ပြီးဝယ်လာပါတယ်။

Chinese Yam ကိုတှေ့ရခဲ့ပှီ။အလှနကြောငြးတယဆြိုတာကိုလညြးတရုတဆြရာဝနမြကှီးကွေးဇူးကှောငြ့့သိခဲ့ရပါပှီ။သို့သောမြှနမြာပှညသြူလူထုသိဖို့အတှကကြမှနမြာအမညဖြှဈမှရမှာလေ။ဒါကှောငြ့နညြးမွိုးစုံနဲ့လိုကစြုံစမြးရတော့တာပေါ့။မှနမြာအမညကြတော့ကဒကြဥပါတဲ့။ရခိုငတြှကတေော့သငြးဖောဥလို့ခေါကြှပါတယြ၊သငြးဒကြဥလို့လညြးခေါတြယလြို့သိရပါတယြ။အခွို့ဒသတှေမှောေ့တာတောမွောကြဥလို့လညြးခေါပြါတယတြဲ့။တောကမိတဆြှတှကေေိုမေးကှညြ့တော့တို့တောမှာပေါလှနြးလို့ကှာတဲ့။ပိနြးဥလိုပဲဟငြးခွိုလုပသြောကကြှတယြ၊အာလူးလိုလညြးကှောစြားကှတယြ။တရုတလြူမွိုးတှကတေော့ဝကနြံရိုးနဲ့စှပပြှုတလြုပသြောကကြှကှောငြးသိရပါတယြ။နဲနဲပှုတလြိုကတြာနဲ့စားလို့ရပါပှီ။

အဲ့လောက်နဲ့ကျွန်တော်ကမကျေနပ်သေးဘူးဗျ။အင်တာနက်ကနေအသေးစိပ်ထပ်လေ့လာပါတယ်။အဲဒီမှာဘာသွားတွေ့Chinese Yam ဟာကျောက်ကပ်တစ်ခုတည်းသာမကအဆုတ်၊အစာအိမ်၊သရက်ရွက်တို့ကိုလည်းပြန်ကောင်းစေနိုင်ကြောင်းခန်းခန်းနားနားဖော်ပြထားပါတယ်။အဲဒီကလီစာ၄ခုအပြင်အခြားသောကလီစာတွေကိုလည်းသူ့မှာပါတဲ့အင်ဇိုင်းတွေဟိုမုန်းတွေနဲ့ပံ့ပိုးသမှုပြုပေးပါသေးတယ်။chinese Yam(ကဒက်ဥ)ကတစ်ပင်လုံးတန်ဖိုးရှိတာဖြစ်ပြီးအောက်ပါအကျိုးကျေးဇူးများကိုရရှိမှာဖြစ်ကြောင်းသေသေချာချာပြောထားပါတယ်။
၁)Energy ကိုမြှင့်တင်ပေးခြင်း
၂)ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေခြင်း
၃)ရင်ကျပ်ပန်းနာကိုသက်သာစေခြင်း
၄)ချောင်းခြောက်ဆိုးခြင်းကိုပျောက်စေခြင်း
၅)သံကောင်တုတ်ကောင်များကိုဖယ်ရှားပေးခြင်း
၆)ကိုယ်အလေးချိန်လျှော့ချပေးခြင်း
၇)ဝမ်းတွင်းအပူအပုပ်များကိုဖယ်ရှားပေးခြင်း
၈)ဆီးကောင်းစေခြင်း
၉)အရိုးပွမှုကိုကာကွယ်ခြင်း
၁၀)သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်း
၁၁)သွေးတွင်းသကြားဓာတ်ကိုညှိပေးခြင်း
၁၂)သည်းခြေရောင်ရမ်းမှုမဖြစ်အောင်ကာကွယ်ခြင်း
၁၃)အူကျန်းမာရေးကိုစောင့်ရှောက်ခြင်း
၁၄)အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း
၁၅)ကင်ဆာဆဲလ်များကိုသတ်ပေးခြင်း
၁၆)စိတ်ခံစားမှု၊မငြိမ်သက်မှုများကိုကောင်းစေခြင်း
၁၇)အစာကြေစေခြင်း
၁၈)နာတာရှည်ဝမ်းလျောမှုကိုပျောက်စေခြင်း
၁၉)သွေးဆုံးကိုင်ခြင်းကိုသက်သာစေခြင်း
၂၀)အသရိုက်တစ်ကိုသက်သာစေခြင်း
၂၁)ဇီဝကမ္မဖြစ်စဉ်ကိုထိန်းပေးခြင်း
၂၂)ဗိုက်ကြွက်သားလိပ်တက်ခြင်းကိုကာကွယ်ခြင်း
၂၃)တစ်သျူးအသစ်များမွေးပေးခြင်း
၂၄)အဆစ်အမျက်နာကျင်ကိုက်ခဲမှုကိုသက်သာစေခြင်း
၂၅)ကော်လက်စတြောရေချိန်ကိုညှိပေးခြင်း
၂၆)အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်း
၂၇)အရွက်ရည်ကမြွေကင်းအဆိပ်ကိုပင်ဖြေပေးနိုင်ခြင်းစသည်ဖြင့်ကောင်းကျိုးများစွာရရှိနိုင်ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်။

တရုတ်လူမျိုးတွေကမကောင်းရင်ဘယ်တော့မှမသုံးဘူး။ကောင်းလွန်းလို့သာတန်ဖိုးထားတာဖြစ်တယ်။သူတို့ဘာကြောင့်အသက်တအားရှည်ကြရတာလည်းဆိုတဲ့မေးခွန်းရဲ့အဖြေဟာရှေးရှေးကတည်းကသူတို့ရဲ့ရိုးရာနည်းလမ်းတွေကိုတန်ဖိုးထားပြီးဆက်လက်ကျင့်သုံးနေကြလို့ပြဲဖစ်ပါတယ်။ကျွန်တော်တို့မြန်မာ့မြေအောက်မှာလည်းကဒက်ဥတွေအများကြီးရှိနေပေမဲ့မသိသူကျော်သွားသိသူဖော်စားအဆင့်မှာပဲရှိနေပါတယ်။မြန်မာတွေလည်းဒါကိုအတုယူသင့်ပါတယ်မြန်မာတွေဖော်စားကြဖို့တစ်ယောက်နဲ့တစ်ယောက်လက်တို့ပေးကြဖို့ကောင်းပါတယ်။Sharingလုပ်ပေးခြင်းဖြင့်ကုသိုလ်ယူကြပါ။ကျွန်တော့ကိုအလင်းပြပေးတဲ့တရုတ်ဆရာဝန်မကြီးကို
လည်းအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူများကျန်းမာသုခနဲ့ပြည့်စုံကြပါစေ။

#ကိုမင်းကျော်ဝင်း(Min Kyaw Win)

Post a Comment

Previous Post Next Post