ကင်ဂျုံအန်က -
"ရုရှားဟာ ၎င်းရဲ့အချုပ်အချာအာဏာကို
ကာကွယ်ရန်
မြင့်မြတ်သောစစ်ပွဲကိုဆင်နွှဲရန် အရှိန်မြင့်လာ"ဟု
ပြောလိုက်တယ်
ကမ္ဘာမှာ အမေရိကန်တွေ ထိပ်တိုက်မတိုးရဲတဲ့
နိုင်ငံတစ်ခုကိုပြပါဆိုရင်
ကင်ဂျုံအန်ရဲ့မြောက်ကိုးရီးယားလို့ပြောလို့ရတယ်
ရုရှားကိုဖရိုဖယဲဖြစ်သွားရန်ရည်ရွယ်ခဲ့တဲ့
ယူကရိန်းနဲ့ Proxy War မှာလဲဘဲ
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုတွေဘဲ
ဖရိုဖယဲဖြစ်ခဲ့ကြပါတယ်
အဲဒီကြားထဲကမှ အီရန်ကပါ ရုရှားနဲ့ပါတနာ
ဖြစ်လာကြပြီဆိုတော့
စစ်ရေးကိစ္စမှာ အမေရိကန်နဲ့အနောက်အုပ်စုဟာ
အားမတန်လို့ မာန်လျှော့ရမဲ့အဆင့်သာရှိပါတော့တယ်
အမေရိကန်ဘာဆက်လုပ်မလဲ..?
နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ယူကရိန်းကိစ္စ
ရုရှားကသာငြိမ်းချမ်းရေးလိုလားတယ်ဆိုရင်
အမေရိကန်က အသင့်ပါ လို့ပြောလာရပါပြီ
အမေရိကန်ရဲ့ နှစ် ၈၀ နီးပါးမှာ
ဒါဟာ ပထမဆုံးအလျော့ပေးစကားထင်ပါတယ်
နေတိုးနဲ့ အီးယူသမဂ္ဂအဖွဲ့တွေထဲက
ပါးနပ်တဲ့နိုင်ငံတွေ သို့မဟုတ် ပြည်သူကိုအမှန်
တကယ်အလေးထားကြတဲ့အစိုးရတွေအနေနဲ့
ဖောက်ထွက်ချိန်တန်ပြီလို့ယူဆပါတယ်
ဘာကြောင့်လဲဆိုတော့
စစ်အုပ်စုနှစ်ခု မြင်သာတဲ့ကွဲပြားလာမှုမှာ
အမြဲတန်းအနိုင်ကျင့်မှုကိုခံခဲ့ရတဲ့အုပ်စုအနေနဲ့
ကျားနာခဲ ခဲမှာကသာ ကြောက်စရာပါ
နည်းပညာအရ အသာစီးရနေတဲ့ ရုရှားက
သူ့အုပ်စုအတွက်လဲမျှဝေထားမှာပါဘဲ
စီးပွားရေးဘက်မှာလဲ
အနောက်အုပ်စုတွေက အကျဘက်မှာ
BRICS အဖွဲ့ဘက်က တက်လူတွေဖြစ်နေကြတာ
ဖြစ်စေခြင်ခဲ့တဲ့
New World Order ကတော့ မြင်သာလာပါပြီ
နျူထိပ်သီးနှစ်ဦးတွေ့ဆုံလိုက်တဲ့ပွဲကတင်
ကမ္ဘာကိုအပြောင်းအလဲတွေ မြင်တွေ့လာရလိမ့်
မယ်လို့ ထင်မြင်မိပါတယ်။
Min Nanda
13-9-2023 🥀🥀🥀
Post a Comment