ရုရှား-မြန်မာဦးဆောင်တဲ့ တန်ပြန်အကြမ်း ဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု ရုရှားနိုင်ငံ ပရီမိုစကီဒေသမှာ ကျင်းပ

ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံက ဦးဆောင်တဲ့ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ် ဆင်ရေးကို ရုရှားနိုင်ငံအရှေ့ ဖျား ပရီမိုစကီ ဒေသမှာ စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနဲ့ အာဆီယံကာကွယ်ရေးဝန် ကြီးများအဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေပါပါဝင်ခဲ့တယ်လို့ ရုရှားနိုင်ငံ အရှေ့ပိုင်းစစ်ဒေသရဲ့သတင်းစာရှင်းပွဲမှာထုတ်ပြန်ခဲ့ကြောင်း TASS သတင်းဌာနမှာရေးသားဖော်ပြထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်က တန် ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးဆောင် ရွက်ရာမှာ ဒေသတွင်းပူး ပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်မှာ အာဆီယံနိုင်ငံတွေနဲ့ ၎င်းတို့ရဲ့မိတ်ဖက်နိုင်ငံတွေကြား စစ် ဆင်ရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင်တင်သွားဖို့ ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုကို အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပထမအဆင့်မှာ စစ်ဆင်ရေးနဲ့ နည်းဗျူဟာဆိုင်ရာအဆင့်တွေမှာ စစ်ဆင်ရေးတပ်မှူးတွေက မူဝါဒနဲ့ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုဆောင်ရွက်ဖို့အတွက် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ပါဝင်တဲ့နိုင်ငံတွေက တပ်ဖွဲ့တွေဟာ နိုင် ငံပေါင်းစုံတပ်ဖွဲ့တွေအနေနဲ့ ဆာဂိုင်းယက်ဗ်စကိုင်း စက်ပစ်ကွင်းမှာ တန်ပြန်အကြမ်း ဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုကို လက်တွေပူးတွဲလေ့ကျင့်သွားမှာဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ရုရှား၊ မြန်မာနဲ့ တခြားမိတ်ဖက်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပါဝင်ဆောင်ရွက်ကြမှာဖြစ်သလို ရုရှားနိုင်ငံက အရှေ့ပိုင်းစစ်ဒေသဌာနချုပ်က တပ်ဖွဲ့ဝင်တွေလည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်သွားမှာဖြစ်ပါတယ်။

ရုရှားအရှေ့ဖျားစစ်ဒေသမှာ တွဲဖက်ထားတဲ့ တပ်ဖွဲ့ဝင် ၇၀၀၊ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ စစ်ရေးလေ့ ကျင့်မှုမှာ ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံတွေကတော့ သြစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီး ယား၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလတုန်းက ဗီယက်နမ်နိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ယခုလေ့ကျင့်ခန်းတွင်

Brunei Darussalam 🇧🇳
Socialist Republic of Vietnam 🇻🇳 Republic of India 🇮🇳
Republic of Indonesia 🇲🇨
Kingdom of Cambodia 🇰🇭
People's Republic of China 🇨🇳
Lao People's Democratic Republic 🇱🇦 Malaysia 🇲🇾 
Republic of the Union of Myanmar 🇲🇲 
Kingdom of Thailand 🇹🇭
Republic of the Philippines 🇵🇭

တို့ပူးပေါင်းလေ့ကျင့်ပါဝင်။

crd***original news
#JBT

Post a Comment

Previous Post Next Post