လေဖိအားနည်းရပ်ဝန်းမှအားကောင်းပြီး မုန်တိုင်းဖြစ်နိုင်


ဘင်္ဂလားပင်လယ်အော်မှာ စက်တင်ဘာလ တတိယပတ်အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းမှာထုတ်ပြန်တဲ့ စက်တင်ဘာလ တတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ အခုလို ဖော်ပြပါရှိတာပါ။

ဒါ့အပြင် အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အတွင်း မြန်မာနိုင်ငံ အလယ် ပိုင်းဒေသတွေနဲ့ စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေကနေ ဆုတ်ခွာသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ အားအနည်းငယ်ကနေ အားအသင့်အတင့်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မိုးရွာရက်တွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၇ ရက် ကနေ ၉ ရက် လောက်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ ၄ ရက်ကနေ ၆ ရက်လောက် မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Post a Comment

Previous Post Next Post