အငြိမ်းစား ဒု-ဗိုလ်မှူးကြီးနှင့်မိသားစု သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဇနီးဖြစ်သူသေဆုံးပြီး သားဖြစ်သူကလေးငယ် ပြင်းထန်ဒဏ်ရာရ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၌ ယမန်နေ့ စက်တင်ဘာ ၈ ရက်၊ ညနေပိုင်းက သားဖြစ်သူကို ကျောင်းမှကြိုပြီးပြန်လာသည့် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီးနှင့်မိသားစု သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဇနီးဖြစ်သူသေဆုံးပြီး သားဖြစ်သူကလေးငယ်မှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးအောင်လွင် (၄၈)နှစ်၏ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုး ဖြစ်ကြောင်း သိရပြီး ၎င်းတို့၏ နေအိမ်ရှေ့အရောက်၌ အမည်မသိ အမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် ဇနီးဖြစ်သူမှာ နေရာ၌ပင် သေဆုံးရသည့်အပြင် ဦးအောင်လွင်တွင်လည်း ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သလို သားဖြစ်သူတွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

#mhtnews

🔴🔴 ကျိုက်ထိုမြို့ပေါ်တွင် အထက်ပါ ဖြစ်စဥ်မျိုး
မကြာခဏဖြစ်ပွားနေသဖြင့်  တရားခံဖမ်းဆီးရမိရေးအတွက်
ငါးမင်းဆွေ ဆိုသူအားသက်ဆိုင်ရာမှစစ်ဆေးပြီးဖော်ထုတ်
ပေးစေလိုကြောင်း ဒေသခံများထံမှ ကြားသိရ 🔴🔴

Post a Comment

Previous Post Next Post