အမေရိကန်ကြွေးမြီစချိန်တင်အကြွေးတင်နေပီးစုစုပေါင်း ဒေါ်လာ(၃၃)ထရီလျံကျော်အထိမြင့်တက်လာ


◾သုံးလအတွင်းတစ်ထရီလျံအကြွေးတိုးလာမှုကြောင့် အမေရိကန်အိမ်ထောင်စုတစ်စုလျှင်အကြွေးဒေါ်လာ၂၆၀၀၀၀ တင်ရှိနေသည်။

မေဒိကန်ပေးဆပ်ကြွေးမြီစုစုပေါင်းမှာနိုင်ငံ၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ၁၈ရက်ကမေဒိကန်ဒေါ်လာ(၃၃)ထရီလျံကျော်ခဲ့ပြီးစုစု‌ပေါင်းကြွေးမြီဒေါ်လာ ၃၃.၀၄ထရီလျံရှိနေပြီဖြစ်ကြောင်းမေဒိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

၂၀၂၃ခုနှစ်၊ဇွန်၁၆ရက်တွင် ဒေါ်လာ၃၂ထရီလျံကျော်ကြွေးမြီပမာဏထက်ဒေါ်လာတစ်ထရီလျံထပ်မံ‌မြင့်တက်၍စံချိန်ချိုးလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့်မေဒိကန်မိသားစုတစ်စုလျှင်ကြွေးမြီမေဒိကန်ဒေါ်လာ(၂၆၀,၀၀၀)ရှိသွားပြီ။

ကွန်ဂရက်အနေဖြင့် အမေရိကန်အစိုးရအား စက်တင်ဘာလမကုန်မီ ရံပုံငွေထောက်ပံ့ခြင်းမပြုနိုင်ပါက အစိုးရလုပ်ငန်းများ ရပ်ဆိုင်းရဖွယ်ရှိကြောင်းလည်းသိရသည်။ အောက်လွှတ်တော် ရီပတ်ဘလီကန် အမတ်အချို့ကမူ အစိုးရ၏အသုံးစရိတ်များ အဆမတန်များပြားလာမည်ကိုစိုးရိမ်ကာ အဆိုပြုထားသော ကာလတို ငွေကြေးထောက်ပံ့ရေး ဥပဒေမူကြမ်းကိုဆန့်ကျင်လျက်ရှိကြသည်။

Ref--Businesstoday

Post a Comment

Previous Post Next Post