မြန်မာနိုင်ငံထဲက အကြမ်းဖက်သမားတွေရဲ့ ဒုစရိုက်လုပ်ငန်းတွေကြောင့် အိန္ဒိယ~ မြန်မာနယ်စပ်မှာ မိုင်လေးဆယ်ကျော် ခြံ စည်းရိုးခတ်ဖို့ အိန္ဒိယစီစဉ်နေ


မြန်မာနိုင်ငံထဲက အကြမ်းဖက်အုပ်စုတွေ ဝင်ထွက်သွားလာမှု ရှိနေတဲ့ အိန္ဒိယ~ မြန် မာနယ်စပ်မှာ ကီလိုမီတာ ၇၀ (၄၃ မိုင်ခန့်) ကို နယ်စပ်ခြံစည်းရိုးခတ်ဖို့အတွက် နယ်စပ်လမ်းတည်ဆောက်ရေးအဖွဲ့ (BRO) နဲ့ စက် တင်ဘာ ၂၃ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh က သူ့ရဲ့လူမှုကွန်ရက် အကောင့်မှာ ဖော်ပြထားပါတယ်။

အဲဒီဆွေးနွေးမှုအတွင်းမှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ်အပြင် အိန္ဒိယပြည်ထဲရေးဝန် ကြီးဌာနက အရာရှိတွေလည်း ပါဝင်တယ်လို့ သိရပြီး ဝင်ထွက်သွားလာမှု အများဆုံးနေရာတွေမှာ ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်နေတာလို့ အိန္ဒိယအခြေစိုက် သတင်းဌာနေတွက ဖော်ပြထားပါတယ်။

ဒါ့အပြင် မဏိပူရပြည်နယ် ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံမှာနေထိုင်သူတွေ တရား မဝင် ကူးသန်းသွားလာနေတာတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးတာတွေ များလာတာကြောင့် နယ်စပ်ကို ကာကွယ်စောင့် ရှောက်ဖို့ အရေးတကြီးလိုလာတယ်ဆိုပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။

crd***𝙢𝙝𝙩𝙣𝙚𝙬𝙨
#JBT

Post a Comment

Previous Post Next Post