၅ စက်တင်ဘာ ၂၀၂၃
ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၂၄ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ယနေ့ စက်တင်ဘာ (၅)ရက်က နေပြည်တော်တွင်ကျင်းပခဲ့တဲ့ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါသစ်ပင်သစ်များစိုက်ပျိုးရာတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများလည်း ပါဝင်တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန်အတွက်
သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်...
Post a Comment