အရာ​တော်မြို့နယ် ​ကျေးရွာ(၄)ရွာက အကြမ်းဖက်အမည်စာရင်းများ​ပေါက်ကြား

အရာတော်မြို့နယ်၊ ကျေးရွာ (၄)ရွာမှ NLD အစွန်းရောက် PDF အကြမ်းဖက်သမား စာရင်း
=====================================================
အရာတော်မြို့နယ်တွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ တာဝန်သိ ပြည်သူတစ်ဦးက PDF အကြမ်းဖက်အဖွဲ့ဝင်များကို ဖမ်းဆီးပြီး တာဝန်ရှိသူများထံ အပ်နှံပေးခဲ့သည်။ တာဝန်ရှိသူများက အကြမ်းဖက်သမားထံမှ လာဘ်လာဘ ရယူ၍ ပြန်လွှတ်ပေးလိုက်ရာ  အကြမ်းဖက်သမားကို ဖမ်းဆီးပေးခဲ့သူနှင့် ဖခင် ဖြစ်သူတို့မှာ PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
ထို့အပြင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ထွက်မည်ဆိုသည်နှင့် တပြိုင်နက် ဖရဲသီးက NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင်များထံ ကြိုတင်ဆက်သွယ် သတင်းပေးပို့၍ တိမ်းရှောင်းခိုင်းပါသည်။ ထိုသို့သော အခြေအနေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း၊ မိုင်းဆွဲခံရခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အထူးသတိပြုဆင်ခြင်နိုင်ပါရန် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ဒေသခံပြည်သူများ၏ ဆက်သွယ်ပေးပို့ချက်ကို ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။
(အရာတော်မြို့နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေကို အကြမ်းဖက်နှိမ်နင်းရေး Call Centre သို့ ဒေသခံပြည်သူများက ဆက်သွယ်၍ သတင်းပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။)

#MMC

Post a Comment

Previous Post Next Post