စသုံးလုံး (စစစ) လို့ လူသိများတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နေရာကို ကာကွယ်ရေးဝန်ကြီးဌာနက ဦးအောင်ဇော်လင်း နဲ့ အစားထိုးပြီး အပြောင်းအလဲပြုလုပ်လိုက်တယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။
ယခင်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နေရာကို ဦးမောင်မောင်ကျော်က ကိုင်တွယ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဦးမောင်မောင်ကျော်ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်က ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ရွှေ၊ဒေါ်လာ၊အိမ်ခြံမြေ လုပ်ငန်းရှင်တွေကနေ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအထိ စီးပွားရေးလုပ်ငန်းရှင်တွေကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စောင့်ကြည့်စစ်ဆေးတာတွေ လုပ်နေတယ် လို့ လုပ်ငန်းရှင်တွေရဲ့ ပြောဆိုမှုတွေအရ သိရပါတယ်။
#mhtnews
Post a Comment