၂၀၂၁ဖေဖော်ဝါရီ(၁)ရက်နေ့ အာဏာထိန်းပြီးနောက်ပေါ်ပေါက်လာတဲ့ နစက အစိုးရဟာ "စစ်ရေးချို နိုင်ငံရေးပို "
ဆိုတဲ့ဗျူဟာနဲ့
နိုင်ငံတကာပြည်တွင်းပြည်ပ အမြင်ကြည် လင်မှုရရေး အတွက်
မိမိအပေါ် အမြင်မကြည်လင်တဲ့နိုင်ငံများကိုပင်
အမြင်ကြည်လင်လာအောင်ကြိုးစားသွားမယ်လို့
ပြောဆိုကြိုးစားအားထုတ်ခဲ့ပေမယ့်
"နင်မဟုတ်နင့်အဖေပဲ"လို့ ပြဿနာရှာမယ့် အမေရိကန်နဲ့ ဂျပိုးကိုလိပ်၊လိပ်ကိုဂျပိုး လို့
လိုသလို ဆွဲပြောနိုင်တဲ့
ပြည်ပြေးပြည်ဖျက်မီဒီယာ အား ကောင်းစွာ ဝါဒဖြန့်မှုအောက်မှာ
အမြင်ကြည်လင်ရေး ကြိုးစားမှုတွေဟာ ဘာမှ အရာထင်မလာခဲ့တာ တွေ့ခဲ့ရပါတယ်။
ကုလသမဂ္ဂ၊အမေရိကန်အနောက်အုပ်စုသာမက
အာဆီယံကပါအမျိုးမျိုးစော်ကားနေတာကို ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်စေနဲ့
မူကိုကျင့်သုံးခဲ့ပေမယ့် စော်ကားလို့ရတယ်
လို့ယူဆလာကြပြီး ပိုဆိုးလာတာသာ တွေ့လာရပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကိုပစ်သတ်နေပြီ ဆိုတဲ့
ဂွင်ထဲရောက်အောင်ဆွဲသွင်းနေမှန်းသိလို့
ဆူပူအကြမ်းဖက်မှုတွေကို
အညင်သာဆုံးထိန်းထိန်းသိမ်းသိမ်း တားဆီးခဲ့ပေမယ့် နေပြည်တော်နဲ့မန္တလေးက ဆန္ဒပြ မိန်းမပျိုနှစ်ဦးကို ဆန္ဒပြအဖွဲ့ထဲကပဲ လုပ်ကြံပစ်သတ်လိုက်ပြီး
နစက က ဆန္ဒပြသူတွေကိုပစ်သတ်နေပြီလို့ ဝါဒဖြန့်ရာကစလို့ ငြိမ်းချမ်းစွာဆန္ဒပြတာကိုပစ်သတ်လို့ လက်နက်ကိုင်တော်လှန်ရတာပါလို့ ပြောလာကြပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့လည်း တစ် ဖက်သတ်အပစ်ရပ်ကာလတွေ သက်တမ်းအကြိမ်ကြိမ်တိုးပေးခဲ့ပေမယ့်
ဒါကိုအခွင့်ကောင်းယူပြီး EAO အချို့ကစစ်ရေးတိုးချဲ့လာခဲ့ကြပါတယ်။
သဘော ထားကြီးတာကို အားနည်းနေပြီလို့ယူဆတဲ့
EAO အချို့ထကြွသောင်းကျန်းလာပါတယ်။
ပြစ်မှုကျူးလွန်သူများကို ဖြေလျော့ ပေးခြင်း၊CDMများကို ပြန်လက်ခံခြင်း၊လက်နက်ကိုင်ပုန်ကန်သူများကို
အနည်းဆုံးအင်အားအနိမ့်ဆုံးအဆင့်နဲ့ ၊EAOများအပေါ် တစ်ဖက်သတ်အပစ်ရပ်ပေးခြင်းများနဲ့
စစ်ရေးချို နိုင်ငံရေးပို ခဲ့တဲ့ ဗျူဟာ ဟာ အခုအချိန်မှာ တည်ငြိမ်အေး ချမ်းရေးအတွက်
အလုပ်မဖြစ်နိုင်တော့တဲ့အတွက်
စစ်ရေးပို နိုင်ငံရေးချို ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
သောင်းလွင်ဟိန်း
(crd)
Post a Comment