ထိုင်းနိုင်ငံရေးနဲ့မြန်မာ့နိုင်ငံရေး


ထိုင်းနိုင်ငံရေးမှာ ဘာသာတူအချင်းချင်း ဘုန်းကြီးသတ်တာတွေ မရှိခဲ့ဘူး။
Pdfတွေ ဘုန်းကြီးသတ်တာ ဟုတ်/မဟုတ်ငြင်းချင်ရင် Pdfနယ်မြေမှာလေ့လာ။
ငါ့မြို့နယ်ထဲမှာတင် ဘုန်းကြီး၂ပါးအသတ်ခံရပြီးပြီ။ လောလောဆယ် Pdfလက်ထဲမှာ ဘုန်းကြီး၂ပါး။
ငွေနဲ့ပြန်ရွေးရမယ်ပြောလို့ ရွာသူရွာသားတွေငွေစုနေတယ်။ ဝါဒဖြန့်တယ်ထင်ရင်လေ့လာလိုက်။

  မြန်မာစစ်တပ်နဲ့ထိုင်းစစ်တပ်ကွာတာလက်ခံပါတယ်။
ထိုင်းစစ်တပ်က မြန်မာစစ်တပ်လို တရုတ်ဖြူကျူးကျော်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာ အသက်သွေးချွေးစွန့်လွတ်ခဲ့ရတာတွေ မရှိဘူး။လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ရတာမရှိဘူး။

မြန်မာပြည်သူနဲ့ထိုင်းပြည်သူရောတူသလား။
မြန်မာနိုင်ငံရေးသမားနဲ့ ထိုင်းနိုင်ငံရေးသမားရောတူသလား။
စစ်တပ်ကိုရန်သူထင်ပြီး စစ်တပ်ပြိုကွဲမှ ဒီမိုကရေစီရမယ် တိုင်းပြည်ကောင်းစားမယ်လို့ အမြင်တွေ ထိုင်းမှာမရှိဘူး။

မြန်မာကြုံရတဲ့သမိုင်းကြောင်းနဲ့ ထိုင်းသမိုင်းကြောင်း မတူဘူး။
မြန်မာရဲ့ပထဝီဝင်နိုင်ငံရေးနဲ့ ထိုင်းနိုင်ငံပထဝီဝင်နိုင်ငံရေး  မတူဘူး ။ မြန်မာမှာ အခက်အခဲတွေ ဖိအားတွေများပါတယ်။

ဘယ်နိုင်ငံမဆို စစ်အာဏာသိမ်းတာမကောင်းဘူး စစ်အာဏာရှင်ဆိုးကျိုးရှိတာ အားလုံး လက်ခံတယ်။
စစ်အာဏာရှင်ကိုလက်မခံသလို အရပ်သားအာဏာရှင်ကိုလည်းမကြိုက်ဘူး။
ဒါပေမဲ့ တိုင်းပြည်အပေါ် အစဥ်အဆက်အသက်ပေးစောင့်ရှောက်ခဲ့တဲ့စစ်သည်တွေရဲ့ကျေးဇူးတရားကို နားလည်တယ်။ တိုင်းပြည်တခုရဲ့ကာကွယ်ရေးစွမ်းရည်ဖြစ်တဲ့ တပ်မတော်ကို အစဥ်အမြဲထောက်ခံတယ်။
လူပုဂ္ဂိုလ်ကို ထောက်ခံတာမဟုတ်ဘူး။ အဖွဲ့အစည်းကိုထောက်ခံတာ။

ထိုင်းစစ်တပ်ကစစ်ဗိုလ်ချူပ်တွေလာဘ်စားပြီး ချမ်းသာတယ်။ တိုင်းပြည်တိုးတက်အောင်လည်းလုပ်နိုင်တယ်။ ပြည်သူတွေကလည်းကြိုးစားတယ်။ ပညာပါလို့ တိုင်းပြည်မနာဘူး။

မြန်မာပြည် ဝန်ထမ်းတွေလည်း လာဘ်စားတယ်။   တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်ဘူး။ပြည်သူကလည်းသွေးဆူတယ်။ နိုင်ငံရေးသမားက မှိုင်းတိုက်တယ်။  တိုင်းပြည်နာတယ်။  အဲဒီမှာကွာသွားတယ်။

အခု ထိုင်းမှာ နိုင်ငံရေးပြဿနာဖြစ်တိုင်း စစ်အာဏာသိမ်းတိုင်း လက်နက်ကိုင်မဖြေရှင်းဘူး။
သိမ်မွေငြင်သာစွာ ဖြေရှင်းတယ်။
ထိုင်းနိုင်ငံမနာဘူး။
ပညာနဲ့ဖြေရှင်းတာဟာ အတုယူထိုက်တယ်။

ဒီလိုအဖြစ်ဆိုးတွေမကြုံအောင် အကူးအပြောင်းတွေ ဘယ်လိုငြင်သာအောင်ကူးပြောင်းမလဲ ဆိုတာ အဖြေရှာဖို့လိုတယ်။
အသိထဲက Nldအမတ်တွေ 21ပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့CEC တွေကို တိုက်တွန်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ဒေါ်စုခေါင်းမာခဲ့တယ်။

တိုင်းပြည်တိုးတက်ချင်ရင် ဉာဏ်ပညာနဲ့ဖြေရှင်းမှဘဲရလိမ့်မယ်။
ဒီလိုမှမဟုတ်ရင် ဘယ်အစိုးရတက်တက် ဝန်ထမ်းကုန်သည် လောဘသမားတွေနဲ့တွေ့ပြီး ပြည်သူတွေဒုက္ခရောက်နေရလိမ့်မယ်။
အစိုးရ ဝန်ထမ်းပြည်သူ အားလုံး ဉာဏ်ပညာရှိဖို့လိုတယ်။

ထိုင်းနဲ့မြန်မာကွာတာက မြန်မာက
လက်နက်နဲ့ဖြေရှင်းတာကို ယုံဲကြည်ပြီး
ထိုင်းက ပညာနဲ့ဖြေရှင်းတာကို ယုံကြည်တယ်။
ဉာဏ်ပညာကသာ တိုင်းပြည်ကိုတိုးတက်စေပါလိမ့်မယ်။

Credit

Post a Comment

Previous Post Next Post