ကုလသမဂ္ဂ နှင့် အနောက်အုပ်စုနိုင်ငံများသည် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ကာ မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေဟု တစညပါတီဥက္ကဋ္ဌပြော


ကုလသမဂ္ဂ နှင့် အနောက်အုပ်စုနိုင်ငံများသည် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ကာ မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများ၊ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများ၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)နှင့် အနောက်အုပ်စုမီဒီယာများက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်လျက်ရှိသည်ကိုတွေ့ရကြောင်း ပါတီဥက္ကဋ္ဌက ပြောပါတယ်။

ထို့ပြင် နိုင်ငံရေးဖိအားပေးမှု၊ စီးပွားရေးပိတ်ဆို့မှု၊ ငွေကြေးနှင့်ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ရန် လုပ်ကြံမှုများဖြင့် နိုင်ငံတော်၏ လုပ်ငန်းဆောင်တာများအခက်အခဲဖြစ်ပေါ်ရေး၊ တပ်မတော်အင်အားချိနဲ့ရေးတို့ကို လုပ်ကြံဖန်တီးနေသည်ဟုလည်း ဥက္ကဋ္ဌဦးဟန်ရွှေက ဆက်လက်ပြောဆိုပါတယ်။

Post a Comment

Previous Post Next Post