အကြမ်းမဖက်ရင် အသက်တွေစတေးစရာမလိုဘူး

စစ်တပ်ဆိုတာက စစ်တိုက်ဖို့အတွက် လေ့ကျင့်ပြင်ဆင်ထားတဲ့ အဖွဲ့အစည်းပဲ။ မြန်မာနိုင်ငံသားအချင်းချင်း မတိုက်လို့ နည်းလမ်းပေါင်းစုံနဲ့ ချော့ခေါ်တယ်။ မတိုက်ရဲပါဘူး။ ဇမရှိပါဘူး။ တပ်ပျက်နေပြီ။ အင်အားမရှိတော့ဘူး။ ငါတို့နိုင်နေပြီဆိုပြီး နိုင်ငံခြားကနေ ဇောင်းကြွဇောင်းထပြီး မြောက်ပေးကြတယ်။ ဆင်ခြင်တုံမဲ့သူတွေက လိုက်လုပ်တယ်။ နင်တို့နီပိန်းတွေသိထားဖို့က လက်ရှိတပ်မတော် က ခေတ်အဆက်ဆက်က ၁၉၄၈ တပ်မတော်၊ ၁၉၆၂ တပ်မတော်၊ ၁၉၈၈ တပ်မတော် တွေထက် အင်အားသာတယ်။ ပညာရှင်တွေရှိတယ်။ လက်နက်ကို ကိုယ်တိုင်ထုတ်နိုင်တယ်။ gps နေရာအတိအကျသိတာနဲ့ မိနစ်ပိုင်း နာရီပိုင်းအတွင်း ချေမှုန်းလို့ရတဲ့ လက်နက်တွေရှိတယ်။ မဟာဗျူဟာကို နှစ်ရှည်လေ့လာနေတဲ့ အဖွဲ့တွေရှိတယ်။
သတ္တိမရှိထွက်ပြေးကြသူတွ အာဏာပြန်ရဖို့အတွက် ကိုယ့်အသက်ကို မစတေးကြပါနဲ့။ မျှတတဲ့ရွေးကောက်ပွဲ တိုင်းရင်းသား အားလုံးပါဝင်တဲ့ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ကူညီပြီး မကြိုက်တဲ့ အစိုးရကို ဖြုတ်ချလို့ရတာပဲ။ တနိုင်ငံလုံးက nld ကို မဲပေးခဲ့တယ်ဆိုရင် ရွေးကောက်ပွဲနည်းနဲ့ဖြုတ်ချလို့ရတာပဲလေ။ အသက်တွေစတေးဖို့ မလိုပါဘူး ။
#dgf21

Post a Comment

Previous Post Next Post