အာဏာာရှင်ဆိုတဲ့ ဂျင်းလက်နက်နဲ့ ပြည်သူတွေသင်းသတ်ခံနေရတဲ့တိုင်းပြည်

ကမ္ဘောဒီးယားနိုင်ငံ တွင် ဩဂုဏ်လ ၁၀ ရက်နေ့ က
မျိုးချစ်အစိုးရ တစ်ရပ် ကို ဖွဲ့စည်းလိုက်ပြီး ဖြစ်ပါသည်။မျိုးချစ်အစိုးရ ဟု ခေါ်ရသည့် အကြောင်းကတော့ နှစ်ပေါင်း၄၀ နီးပါးကြာ နိုင်ငံတော် အာဏာကို ယူခဲ့သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် က ၄င်း၏ သားဖြစ်သူ ဟွန်မာနက်စ် ထံ ဝန်ကြီးချုပ်
ရာထူး လွှဲပြောင်းပေးခဲ့ခြင်း ၊ ဟွန်ဆန်၏ တူဖြစ်သူ အယ်ဆိုပိုဝင် ကိုလည်း ဒုတိယဝန်ကြီးချုပ် ခန့်အပ်ခဲ့ခြင်း ​​နှင့် ၄င်း၏ သားငယ် ဖြစ်သူ ဟွန်မန်းနီး ကလည်းပြည့်သူ့ဝန်ထမ်းရေးရာ ဝန်ကြီးအဖြစ် သူ့အကို အစိုးရ အဖွဲ့ မှာ ခန့်အပ် တာဝန်ပေးခဲ့ကြောင်းVOA သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရ၍ ဖြစ်ပါသည်။ထို့အပြင် ပြည်ထဲရေးဝန်ကြီးသားနှင့်  ကာကွယ်ရေးဝန်ကြီး သား များကလည်း၄င်း တို့ အဖေများ၏ နေရာအသီးသီး ကို 
ဆက်ခံ တာဝန်ယူလိုက်ကြပါသည်။ကမ္ဘောဒီးယား ၏ မျိုးဆက်သစ် အစိုးရ သည် ယခင်အစိုးရဟောင်း ၏ သွေးသားရင်းများကို သာ တာဝန်ပေးလိုက်ခြင်း ကြောင့် အမျိုးကို ချစ်သည့် မျိုးချစ် အစိုးရ ဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းသည် က ဝန်ကြီးချုပ်သစ် ဟွန်မက်နပ်စ် ကို ကြယ်လေးပွင့် 
ရ စစ်ဦးချုပ်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်နှင့် ပါ ဘုရင် က လက်မှတ်ထိုးခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ဤအချက် ကို ကြည့်လျှင် ကမ္ဘောဒီးယား နိုင်ငံရေးစနစ် က မော်ဒယ် အသစ်တစ်မျိုးထွက်ပေါ်လာနေသည် ဟု ပြောရမလို ဖြစ်နေပါသည်။တစ်ဖက်က
တွေးကြည့်ပြန်ရင်လည်း အဖေဖြစ်သူ ဟွန်ဆန် က အနာဂတ်မှာ ကမ္ဘောဒီးယား နိုင်ငံ ၏ စစ်အာဏာသိမ်းမှု ဖြစ်လာနိုင်မည့် အရေးကို ရှောင်ကွင်း နိုင်ရန် အတွက် ၄င်း၏ သားဖြစ်သူ ကို စစ်ဦးစီးချုပ်ရာထူးနှင့် ပါတစ်ပါးတည်း ခန့်အပ်လိုက်ခြင်း ဖြင့် အရပ်ဝတ် အစိုးရ မဟုတ်သည့် အစိုးရတစ်ရပ် ကို တရားဝင် အာဏာချိန်းခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ရပါသည်။

သေချာတွေးကြည့်လျှင်  အတိုက်ခံမပါဘဲ ကျင်းပခဲ့သည့် ကမ္ဘောဒီးယားရွေးကောက်ပွဲ ကနေ ရာနှူန်းပြည့် အနိုင်ရခဲ့သည့်  ဝန်ကြီးချုပ်သစ်ကို ကြယ်
လေးပွင့် ရ ဗိုလ်ချုပ်ကြီး အဖြစ်ပါထပ်ခန့်လိုက်ခြင်း ကို ကြည့်လျှင် ရိုးရိုးယဥ်ယဥ် လေးဖြင့် နိုင်ငံတကာကို လှည့်စားပြီး  စစ်အာဏာသိမ်းလိုက်သည်ဟု ယူဆမည် ဆိုလည်လျှင် ယူဆ၍ ရနိုင်ပါသည်။
ဤကဲ့သို့ ကမ္ဘောဒီးယား နိုင်ငံတွင် နိုင်ငံတော် အာဏာကို လုပ်ချင်သလို လုပ်ခွင့်ရခဲ့မှုနှင့်ပတ်သက်၍ ဟွန်ဆန် တို့ မျိုးချစ်တစ်စု ကံကောင်း
သည် က ကမ္ဘောဒီးယား ပြည်သူများ၏ ဓလေ့စရိုက်
ကြောင့် ဖြစ်ပါသည်။၄င်းတို့ပြည်သူ များသည် မြန်မာ မှာ လို လူမျိုးနွယ်စုမများသည့်အပြင် 
  ဖိရင်ကြွမည် ။ ထိရင် ချမည် ဆိုသည့် စရိုက်မျိုး
လည်း မရှိကြချေ။ထို့ကြောင့် ၄င်း တို့ မှာမြန်မာ ကဲ့သို့ နိုင်ငံရေးမတည်မငြိမ် ဖြစ်မှုများကို အလွယ်တကူ ရှောင်ကွင်း၍ အလွယ်တကူအာဏာ လွှဲပြောင်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဖိရင်ကြွမည် ၊ ထိရင်ချမည် ဆိုသည့် စရိုက်က
ကမ္ဘောဒီးယား မှာ မှ မရှိခြင်း မဟုတ်ချေ။မြန်မာ၏ အိမ်နီးချင်း နိုင်ငံများ နှင့်  ဒေသတွင်းအာစီယံ နိုင်ငံ ပြည်သူများတွင် လည်း မရှိကြသည်ကမူ လေးစားစရာ ကောင်းသလို အံ့ဩစရာလည်း ကောင်းပေသည်။လီကွမ်ယုမျိုးဆက်သာ အာဏာရစေရမည် ဆိုသည့် နိုင်ငံရေး စနစ် နှင့် သွားနေသည့်အာဏာရှင်
စင်္ကာပူ နိုင်ငံမှာ လည်း ဖိရင်ကြွမည် ၊ ထိရင်
ချမည် ဆိုသူများ မရှိကြသလို အခြားတရုတ်၊ လာအို ၊ ဗီယမ်နမ် ၊ ထိုင်း ၊ ဘရူးနိုင်း၊
ဘင်္ဂလားဒေ့ရှ် မှာလည်း နာခံတတ်သည့် ပြည်သူများ
နှင့် ၄င်းတို့နိုင်ငံ ကို တည်ဆောက်ထားကြသဖြင့်
၄င်း တို့နိုင်ငံများ  တည်ငြိမ်တိုးတက်နေသည် ကို
သတိပြုမိပါသည်။ယုတ်အစွာဆုံး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အိန္ဒိယနိုင်ငံမှာတောင် လူမျိုးများသည့် အပြင် ကိုးကွယ်မှုဓလေ့စုံလင်လှသလို ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုများ
တစ်နိုင်ငံ လုံးမှာ ရှိနေသည့် တိုင် ငါ ဇာတ်နိမ့်
ဖြစ်ရ၍ တော်လှန်ပုန်ကန်ရမည် ဆိုသည့် 
သန္ဓေစရိုက် မရှိဘဲ ရောက်ရာ ဘဝ ကနေ အကောင်း
ဆုံးရုန်းကန်နေကြသဖြင့် အိန္ဒိယနိုင်ငံ လည်း တစ်ဟုန် တိုးတက်လာရခြင်း ဖြစ်သည်။ထို့ကြောင့် ပြောချင်သည်မှာ  မြန်မာပြည်ကြီးမည်သည့်အတွက်ကြောင့် မတည်ငြိမ်ရသလဲ။မည်သည့်ကြောင့်မတိုးတက်ရသလဲ ဆိုသည့်အဖြေကို ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဥ်ကြည့်လိုက်လျှင် အနီးစပ်ဆုံး အဖြေတစ်ခု က ပြည်သူလူထု၏ စရိုက်နှင့် များစွာသက်ဆိုင်နေပါသည်။

အဆိုပါ နိုင်ငံအသီးသီး ရှိ  ပြည်သူများကို လေ့လာကြည့်လျှင် နာခံတတ်သည့် ပြည်သူများ ရှိသလို တစ်သက်လုံးပါတီစုံ ဒီမိုကရေစီစနစ် မရလည်း
 ကိုယ့်စီးပွားရေး ကိုယ်လုပ်ရမည်ဆိုသော အသိနှင့် ရှင်သန်နေကြသော စင်္ကာပူ၊တရုတ် ၊ ကမ္ဘောဒီးယား  ၊ ဗီယမ်နမ် တို့ရှိ ပြည်သူလူထု ၏ စရိုက်ကိုလည်း လေးစား အတုယူသင့်ပါသည်။ပိုပြီး အတူယူစရာ ကောင်းသည် က ၄င်းနိုင်ငံ အသီးသီးတွင် နိုင်ငံ့တပ်မတော် ကို  ပြန်ပြီး ရန်ပြု တိုက်ခိုက်ကာ ဒီမိုကရေစီ ဖော်ဆောင်မည် ဆိုလျှင်  သူတို့ တိုင်းပြည် ကြီး
ပြည်တွင်းစစ်ဖြစ်ပြီး တိုင်းပြည်ပျက်စီး
ရလိမ့်မည် ဆိုသည် ကို သူတို့ ကောင်းကောင်း
သဘောပေါက်ကြခြင်း ဖြစ်သည်။သေချာသည် က 
သူတို့ ပြည်သူလူထုသည် နိုင်ငံရေး ယဥ်ကျေးမှု ရှိကြသလို မြန်မာများထက် EQ မြင့်မားကြသည်။အနည်းဆုံးတော့ ကိုယ့်နိုင်ငံ ကိုယ့်တပ်မတော်ကို
ကိုယ့်ကသူပုန်ထပြီး ပြန်တိုက်ခိုက်လျှင် ကိုယ့်တိုင်းပြည်ပဲ ပျက်စီးမည် ဆိုသော အသိကိုယ်စီနှင့်
သူတို့ တိုင်းပြည်ကို မပျက် စီးအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ထို့ကြောင့်
ကမ္ဘောဒီးယားနိုင်ငံ လို  ၃၈ နှစ်အကြာ အာဏာရှင်စနစ် နှင့် အုပ်ချုပ်ခဲ့သည့် ဟွန်ဆန် က ၄င်း ၏ ဝန်ကြီးချုပ်ရာထူး ကို သူ့သားထံ ငြိမ်းငြိမ်းချမ်းချမ်းလွှဲပြောင်းပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ၏ အာဏာလွှဲပြောင်းမှု ၊ ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးစနစ် နှင့် အာစီယံဒေသတွင်းရှိ အာဏာရှင် နိုင်ငံများအကြောင်း ကို လေ့လာ
ကြည့်ပြီး နှစ်ပေါင်းများစွာ မြန်မာပြည်သူလူထု ကို
အာဏာရှင်ဆိုသည့် ခေါင်းစဥ်အောက်ကနေ 
ဂျင်း အမျိုးမျိုးထည့်ခဲ့ကြသည့် အမေရိကန် နှင့် အနောက်အုပ်စု ၏ လုပ်ရပ်များကို သတိရမိသည်။
ခေတ်စကား အရ ဂျင်း ဟူသည်မှာ ဗန်းစကားတစ်မျိုး ဖြစ်ပြီး လိမ်လည် လှည့်ဖျားခြင်း ၊ လိမ်ညာ၍ အသုံးချခြင်း နှင့် အတုအယောင်များကို အစစ်များ
သဖွယ် လှည့်စား အသုံးချခြင်း ဟု ဆိုရမည်ဖြစ်သည်။ဂျင်းထည့် ခံရပြီးဆိုလျှင် အလိမ်အညာ
ခံရ ၊ လှည့်စားခံလိုက်ရပြီး ဟု ခေတ်လူငယ်များက
သွယ်ဝိုက်ပြောဆိုသုံးနှူန်းကြရာကတဆင့် တွင်ကျယ်လာခဲ့ကြသည်။ထို့ကြောင့် မြန်မာ့ နိုင်ငံရေး ကို စဥ်းစားကြည့်သည့်အခါ အာဏာရှင် ဆိုသည့် ဂျင်း စကားရပ် ဖြင့် အမေရိကန် နှင့် အနောက်အုပ် စု က လက်နက်သဖွယ်  နှစ်ပေါင်းများစွာ ဒုက္ခပေး အသုံးချခဲ့သည်ကို တွေ့ရသည် ။

မြန်မာကို အာဏာရှင် ဟု ပြောလျှင် ဦးနေဝင်း က သူ့သား
သမီး များ ကို နိုင်ငံတော် အာဏာ လွှဲခဲ့ဖူးသလား ၊
ဦးသန်းရွှေ ကရော သူ့သားသမီး များ ကို အာဏာ လွှဲခဲ့ဖူး သလား ဆို သည် ကို ပြန်ဆန်းစစ်သင့်ပါသည်။
နောက်တစ်ခါ မြန်မာကို အာဏာရှင် ဟု ပြောလျှင်  မြန်မာနိုင်ငံ ၏ ပတ်ဝန်းကျင်
ဒေသ တွင်း နိုင်ငံ များ ကရော အာဏာရှင်
မဟုတ်သည့် နိုင်ငံမည်မျှ ရှိသလဲ ဟု လေ့လာကြည့်လျှင် တရုတ် နှင့် လာအိုက ကွန်မြူနစ် အာဏာရှင်၊
ထိုင်း က စစ်တစ်ပိုင်း ၊ ဘုရင်ပေါင်းထား
သည့်  အာဏာရှင်၊ဘင်္ဂလားဒေ့ရှ် ရှိတ်ဟာစီနာ
နှင့် ခါလီဒါဇီယာ တို့ အာဏာရလျှင်  မဆင်းကြေး
အတိုက်ခံကို နှိပ်ကွတ်သည့် အာဏာရှင်နိုင်ငံ၊ အာစီယံကိုကြည့်လျှင် လည်း ဗီယမ်နမ် က
ကွန်မြူနစ်အာဏာရှင် ၊ ဘရူးနိုင်း က ဘုရင့် အာဏာရှင်၊စင်္ကာပူ လည်း လီကွမ်ယု မျိုးဆက်သာ
အာဏာရဖို့ ရေးဆွဲထားသည့် ဥပဒေနှင့် တိုင်း
ပြည်ကို အုပ်ချုပ်နေသည့် အပြင် ခေတ်နှင့် 
မလျော်ညီတော့သည့်  ကြိမ်ဒဏ်လို သေဒဏ်လို ဥပဒေများ ကို ပါလက်တွေ့ကျကျ သုံးနေသည့် နိုင်ငံ ဖြစ်၍ ၄င်းနိုင်ငံများက သာ အာဏာရှင် စစ်စစ် နိုင်ငံများဖြစ်ကြပေသည်။ထို့ကြောင့် မြန်မာကို 
အာဏာရှင် ဟု ပြောခြင်းသည် မြန်မာလူမျိုးများ၏ 
စရိုက်ကို သေသေချာချာလေ့လာပြီး မြန်မာနှင့် မြန်မာအချင်းချင်းပြန်ချပြီး မြန်မာနိုင်ငံတည်ငြိမ်အောင်ဖန်တီးခြင်း ဖြင့် သူတို့အကျိူးစီးပွားကို အကောင်အထည်ဖော်နေသည့် မဟာဗျူဟာ စီမံကိန်းကြီး တစ်ခုသာ ဖြစ်ပါလိမ့်သည်။ မြန်မာများ၏ အားနည်းချက် ကို အသုံးချပြီး တရုတ်ကို ထိန်း
ချုပ်ရန် နည်း မဟာဗျူဟာ စီမံကိန်း ဆိုလျှင် 
လည်း မှားမည် မဟုတ်ချေ။ဤသည်မှာ အမေရိကန် နှင့် အနောက်တိုင်းရှိ မနုဿဗေဒ ပညာရှင်များ က  နယ်မြေလူထု အခြေပြုစစ်ဆင်မှုစနစ် ( HTS )
ဆိုပြီး ဘာသာရပ်တစ်ခု အနေဖြင့် အသုံး
ချနေကြဖြစ်သည်။ဤနည်းကို အီရတ်
ဆီးရီးယား ယီမင် လစ်ဗျာ တို့မှာ အသုံးချ
နေသလို မြန်မာမှာ လည်း လက်ရှိ အသုံးချ
လာနေသည် ကို သတိပြုစေချင်ပါသည်။

အဓိကတော့ မြန်မာများ၏  အားနည်းချက်
ကိုသိ၍ ဖြစ် သည်။မြန်မာများသည် အခြားဒေသ
တွင်း နိုင်ငံများ က လူမျိုးများ နှင့် မတူကြဘဲ
 မြန်မာအချင်းချင်းပြန်တိုက်ခိုင်း 
၍ရသည် ဆိုသည့် စရိုက်ကို အာဏာရှင်ဆိုသော စကားရိုက် နှင့် ပေါင်းစပ် အသုံးချကာမြန်မာပြည်သူလူထု ကို သင်းသတ်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေခြင်းသာဖြစ်ပါသည်။အာဏာရှင် ကို စာရေးသူ မကြိုက်သလို
ဘယ်သူမှ လည်း ကြိုက်မည်မဟုတ်ပါ။သို့သော်
အာဏာရှင် ကို မကြိုက်ရုံ နှင့် ကိုယ့်နိုင်ငံကို
ပြည်တွင်းစစ်ဖန်တီးပြီး ပျက်စီးအောင်
လုပ်ရလောက်အောင်အထိ မမိုက်မဲသင့်ကြောင်း
မြန်မာ ပြည်သူလူထုကို သတိပေး အကြုံပြုလိုက်ရပါသည်။

အောင်နိုင်သူ ( ဇွဲကပင် )

Post a Comment

Previous Post Next Post