Sept 11, May Yu Htar Nay
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ NUG လက်အောက်ခံ CDF အကြမ်းဖက်အဖွဲ့မှ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လူသစ်အတင်းအဓမ္မ လိုက်လံ စုဆောင်းနေတာကြောင့် လူငယ်လူရွယ်များ မြို့ပေါ်နှင့် နီးစပ်ရာဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။
CDF အကြမ်းဖက်အဖွဲ့မှထို့သို့လိုက်လံစုဆောင်းလျက်ရှိရာ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းကလည်း ၎င်းအဖွဲ့ဝင်များ ပလက်မြို့နယ်အတွင်းရှိ တွီကင်းအလောင်း ကျေးရွာ၊ ရှင်းလက်ချောင်းနှင့် ယုံလက်ချောင်း အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ ရောက်ရှိလာကာ ရွာသားများနှင့်တွေ့ဆုံ၍ ယခုနှစ်အတွက် ကျေးရွာအုပ်စု ၁ စုလျှင် လူသစ် ၁ဝ ဦးနှုန်း၊ တစ်ရွာလျှင် ၅ ဦးနှုန်း မဖြစ်မနေဝင်ရောက်တာဝန်ထမ်းဆောင်ရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ ဒေသခံတစ်ဦးက “သူတို့အဖွဲ့ထဲ မဝင်မနေရ ဝင်ရမယ်လို့ ဆိုကတည်းက ရွာက ကလေးတွေလည်း မြို့ပေါ်ရှောင်ကုန်ကြပြီ၊ အရင်က NUG ပညာရေးကျောင်းတက်ခိုင်းမလို့ဆိုပြီး လူသစ်စုတာကို ရွာသားတွေသိသွားလို့ အခုလိုခြိမ်းခြောက်လာတာ၊ သူတို့ကျောင်းတက်ခိုင်းမလို့ဆိုပြီး လိမ်ခေါ်သွားတဲ့ ကလေးတွေလည်း သေလား/ရှင်လားဘယ်သူမှ မသိရသေးဘူး၊ သေနတ်ပြပြီး လုပ်ချင်တာလုပ်နေကြတာ၊ ကလေးတွေနောင်ရေးတော့ ရင်လေးသေးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ပလက်ဝမြိုမြောက်ပိုင်းရှိ ဟာလဝ၊ ကန့်လာဝ၊ တွီကင်းဝ၊ တွီကင်းအလောင်း၊ ဒလက်စာဝနှင့် ဥရင်ဝရွာတိုမှ အသက်(၁၅)နှစ်အထက် ကျောင်းသား/သူ ၃၁ ဦးအား NUG လက်အောက်ခံ CDF အကြမ်းဖက်အဖွဲမှ “NUG မှ ဖွင့်ထားသည့် ကျောင်းတွင် ထားပေးမည်”ဟု ပြောဆိုကာ ကျေးရွာများမှနေ၍ အတင်းအဓမ္မဖမ်းဆီးသွားခဲ့ရာ မိသားစုဝင်များမှာ ယနေ့ထိ အဆက်အသွယ် မရသေးကြောင်း စိတ်မကောင်းစွာ ကြားသိရသည်။
Photo- PDF/CDF အဖွဲမှ နယ်စပ်တွင် ချင်ပြည်နယ်အတွင်းမှ လိုက်လံဖမ်းဆီးထားသည့် ကလေးငယ်များအား အကြမ်းဖက်သင်တန်းပေးနေသည့်ပုံနှင့် ဖမ်းဆီးခံထားရသူများ စာရင်း
#MayYuHtarNay
Post a Comment