ဆက်ကြေး မှ မရရင် မရပ်တည်နိုင်တော့တဲ့ EROs တွေရဲ့ လုပ်ရပ်က ပြည်သူတွေကို ဘယ်ချိန်ထိ ဒုက္ခပေးနေဦးမှာလဲ?


၁။ မနေ့က လားရှိး-မန္တလေး လမ်းမပေါ်က Denko ဆီဆိုင် မီးလောင်တဲ့ သတင်းတွေ တက်လာခဲ့တယ်။ ဆီဖြည့်ရင် ချိုယွင်းချက်ရှိလို မီးလောင်တယ်လိုထင်ခဲ့မိပေမယ့် ဖြစ်စဉ်တွေက ဒီလောက်မရိုးရှင်းဘူးဆိုတာလည်း သတိထားမိတယ်။ ဆီဖြည့်ရင်းနဲ့ သတိထားကြည့်တတ်တဲ့သူတွေဆိုရင် ပိုသိတယ်။ ဆီဆိုင်တွေရဲ့ Record မှတ်တမ်းမှာ အက်ဆီဒန့်ဖြစ်စဉ် မရှိဆိုတာတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဆိုင်းပုဒ်တင်ထားတတ် လေ့ရှိကြတယ်။ ပိုဆိုးတာက Denko ဆီဆိုင်လို နာမည်ကြီးဆီဆိုင် မျိုးတွေမှာ မီးလောင်တဲ့ဖြစ်စဉ်ဖြစ်ဖို ရာခိုင်နှုန်းအားဖြင့်အတော်နည်းတယ်။

၂။ တိုက်ဆိုင်မှု မဟုတ်တဲ့ နောက်ကွယ်က ဇာတ်လမ်းတွေထဲမှာတော့ Denko ဆီဆိုင်ကို KIA နမ့်ဖက်ကာခရိုင်၊ အမှတ်(၈)တပ်ရင်းက အခွန်အခ အတွက်ဆိုပြီး ဆက်ကြေး  သိန်းပေါင်း ၁၅၀၀ ကို ဒီနှစ် မေလ ၂၂ ရက်မှာ စာထုတ်ပြန်ပြီး ကောက်ခံထားတဲ့ စာလည်း တွေ့လိုက်ရတယ်။ ဆက်ကြေး ငွေ သိန်း ၁၅၀၀ ကို ၆ လပိုင်း နောက်ဆုံးထားပြီး ပေးဖို၊ လိုက်နာဆောင်ရွက်မှုမရှိရင် ပြင်းထန်စွာ အရေးယူခံရမည် ဆိုတာတွေလည်း မှတ်ချက်ဆိုပြီး ထည့်ရေးထားတာ တွေ့လိုက်ရတယ်။

၃။ ဖြစ်စဉ်မှာတော့ အားလုံးသိတဲ့အတိုင်း ခရီးသွားပြည်သူ ၂ ဦး မီးလောင် သေဆုံးခဲ့တယ်။ ၁၀ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ကား ၂ စီးမီးလောင်ဆုံးရှုးခဲ့ရသလို အဆောက်အဦနဲ့ ဆီပန့်တွေပါ ပျက်စီးဆုံးရှုးမှုတွေ ရှိခဲ့တယ်။ မြန်မာနိုင်ငံက လက်နက်ကိုင်တွေဟာ ဒေသခံ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အပေါ်မှာ ဆက်ကြေးနဲ့ ရပ်တည်နေကြတာ သိပေမယ့် ဒီလောက်ဆိုးဆိုးဝါးဝါး အသက်အန္တရာယ် ပြုတဲ့အထိ ရန်ရှာတာမျိုးက  “ကိုယ်ပိုင် တန်းတူ ရည်တူရှိဖို၊ တိုင်းရင်းသား လူနည်းစုဖြစ်တဲ့ ပြည်နယ်တွေက အစိုးရအဆက်ဆက် အနိုင်ကျင့်ဖိနှိပ်ခံနေရလို” လက်နက်ကိုင်ရပါတယ်ဆိုတဲ့ နှစ်ပေါင်း ၇၀ ကျော်လောက် အော်လာတဲ့ လေသံနဲ့တော့  အများကြီး ကွဲခြားနေတာတော့ အမှန်ပဲ။ ပါးစပ်က တန်းတူညီမှုတွေ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်တွေ ပြောပြီး လုပ်ရပ်က ဓားပြသာသာ၊ လက်နက်ပြပြီး ဆက်ကြေး လိုက်တောင်းနေတာကတော့  မိမိပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးတွေ ကောင်းစားရေးအတွက်လို ကြွေးကြော် ထားတဲ့  EROs တွေ အနေနဲ့  “ကချင်လူထု ကောင်းစားဖို ဆက်ကြေးကောက်နေတာလား” လို မေးရမလိုတောင် ဖြစ်နေတာ တွေ့ရမှာဖြစ်တယ်။

၄။ တကယ်တော့ မြန်မာနိုင်ငံမှာ ဆက်ကြေးကောက်ပြီး ရပ်တည်နေတာ KIA တဖွဲတည်းတော့ မဟုတ်ဘူး။ ကျောက်မဲမှာလည်း  TNLA အတောင်းကြမ်းလို  ဖွင့်ထားတဲ့ ပုဂ္ဂိုလိက ဘဏ် တစ်ခုက  မကြာခဏ ပိတ်ရလိုက်၊ ဖွင့်ရလိုက် ဖြစ်နေတာမျိုးလည်း ဖြစ်နေတာ ကြာလှပြီ။ ဒီလိုဖြစ်စဉ်မျိုးက အမဲရောင်လိုလို၊ အညိုရောင်လိုလိုဖြစ်နေတဲ့ ဒေသတွေမှာ လုပ်ကိုင်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြေပြင်အနေအထားကို ပိုပြီး အသိဆုံးပဲဖြစ်မှာပါ။

၅။ ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ကျနော်တိုက တိုင်းရင်းသား လူမျိုးတွေရဲ့ တန်းတူညီမှု ရဖိုအတွက် လက်နက်ကိုင်ရပါတယ်လို ပြောတဲ့အခါ ဆက်ကြေး ကောက်ပြီး ရှင်သန်ရပ်တည်နေရတာတွေ၊ သဘောဝသံယဇာတတွေ ရောင်းပြီး ကြီးပွားချမ်းသာလာ တာတွေနဲ့ ကာစီနိုနဲ့ မြိုသစ်စီမံကိန်း ဖွင့်ခွင့် ပါမစ်တွေ ပေးရတာတွေ တော့ ယောင်လို တောင် မပြောမိ ကြစေနဲ့ပေါ့။ မဟုတ်ရင် လုပ်ရပ်တွေက ရှက်စရာကောင်းလွန်းလိုပါ။

နရီမိုး

Post a Comment

Previous Post Next Post