KNU နှစ်ပိုင်းကွဲသွားပြီ

KNU က အနေအထားအရ ၂ ပိုင်းကွဲသွားပြီလို့ ပြောလို့ရတယ်...
ယခင် ဥက္ကဌ မူတူးစေဖိုးအနားယူပြီးနောက် လက်ရှိ ကွယ်ထူးဝင်း ဦးဆောင်တဲ့ KNU ဗဟိုနဲ့ တပ်မဟာ ၁/၂/၃/၅/၆ ကတစ်ဖွဲ့..တပ်မဟာ ၄ နဲ့ ၇ ကတစ်ဖွဲ့..
KNU ဗဟိုနဲ့ တပ်မဟာ ၁/၂/၃/၅/၆ အဖွဲ့ကတော့ အများသိကြတဲ့အတိုင်း NUG ရဲ့ ခိုင်းဖက်..NUG က ငွေပေးခိုင်းနေတဲ့၊ ငွေပေးပြီး ခိုင်းချင်တာ ခိုင်းလို့ရတဲ့ အစေခံအဖွဲ့လို့ ဆိုရင်လည်း မမှားပြန်ဘူး..
သူတို့ကို ယှဥ်ကြည့်ရင် ဒီနှစ်ဖွဲ့မှာ အမြင်ချင်းက မတူညီကြဘူး..
ဗဟိုဘက်က ပိုက်ဆံရရင် ဘာမဆိုလုပ်မယ့် ငါ ကောင်းစားရေးသမားတွေ..ဘာဖြစ်လို့လည်းဆိုတော့ ပိုက်ဆံအတွက်နဲ့ နှစ် ၆၀ ကျော် စွဲလမ်းလာတဲ့ လူမျိုးစွဲဝါဒကိုတောင် သူတို့မေ့နေကြပြီ..ကိုယ့်ဒေသ ကိုယ့်တပ်မဟာနယ်မြေအတွင်းက ကရင်ပြည်သူတွေ ဆိုတာ သူတို့စိတ်ထဲမှာ မရှိကြတော့ဘူး..ဖြစ်ချင်ရာဖြစ် ဘယ်သူသေ​ေသ..ငတေမာချင်တဲ့ လူတွေဖြစ်နေကြပြီ..
ကျန်တဲ့ တပ်မဟာ ၄ နဲ့ ၇ ကတော့ ငြိမ်းချမ်းမှုကို လိုလားပြီး သူတို့နဲ့ ဆန့်ကျင်ဘက် အနေအထားမှာရှိနေတယ်..
ဒါ့ကြောင့် KNU က ၂ ပိုင်း ကွဲသွားပြီလို့ ပြောချင်ပါတယ်..

Saw Ba Maung

Post a Comment

Previous Post Next Post