Mobile Pay ဖြင့် ငွေကြေးဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းမည့်သတင်းမှာ ရန်ကုန်မြို့တော်ဘဏ်၏ ငွေလွှဲခြင်းကို သာ ရပ်ဆိုင်းခြင်းဖြစ်


KBZ pay အပါအဝင် Mobile Pay များဖြင့် ငွေကြေးဝန်ဆောင်မှုများ ခေတ္တရပ်ဆိုင်းမည်ဆိုသည့် သတင်းမှာ ရန်ကုန်မြို့တော်ဘဏ်၏ ငွေလွှဲခြင်းလုပ်ငန်းစဥ်တစ်ခုတည်းကိုသာ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ၎င်းဘဏ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

စက်တင်ဘာလ ၂၂ ရက်၊ နေ့လည် ၂ နာရီ မှစ၍ အောက်တိုဘာလ ၂ ရက်၊ နံနက် ၉ နာရီခွဲအထိ ရန်ကုန်မြို့တော် ဘဏ်၏ Payment Gateway မှ တစ်ဆင့် Mobile Payment ဖြင့် ငွေပေးချေခြင်းအား ခေတ္တရပ်ဆိုင်းမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဘဏ်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်ဘဏ္ဍာနှစ်အတွက် ၆ လချုပ်စာရင်းပိတ်ရန် ရှိသဖြင့် ဘဏ်၏ Payment Gateway မှ တစ်ဆင့် wave pay, KBZ pay များအပါအဝင် Mobile Payment ဖြင့် မည်သည့် ငွေပေး ချေခြင်းကိုမဆို ခေတ္တရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်ဘဏ်လီမိတက်၏ ထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါ ထုတ်ပြန်ချက်ထွက်ရှိပြီးသည့်နောက် လာမှုကွန်ယက်စာမျက်နှာပေါ်၌ K pay နှင့် Wave pay များ၏ ငွေလွှဲဝန်ဆောင်မှုများအား ခေတ္တရပ်ဆိုင်းမည်ဆိုသည့် နားလည်မှု လွဲမှားသည့် သတင်းများထွက်ပေါ်လျက်ရှိ သည်။

"နှစ်ချုပ်စာရင်းရှိလို့ မနက်ဖြန် ၂ နာရီနောက်ပိုင်းကစပြီး k pay လွှဲခြင်းတွေရပ်ဆိုင်းထားပါမယ်တဲ့၊
၁၀ လပိုင်း ၂ ရက်မှ ပြန်ဖွင့်မယ်တဲ့ဆိုတော့ နယ်က ငွေလွှဲတွေနဲ့ရန်ကုန်က k pay နဲ့ရှင်းမယ့် သူတွေ ဆီကနေ ဒီညနောက်ဆုံးအကုန်လွှဲပေးဖို့ ပြောနေတာ၊အတိအကျတော့ မသိသေးဘူး၊ ဘယ်လိုဖြစ်ဖြစ် ငွေလွှဲတာကို ဒါတွေပဲသုံးကြတာလေ" ဟု အွန်လိုင်းရှော့ပင်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် Mobile Payment များနှင့်ပတ်သက်ပြီး kbz pay နှင့် wave pay များ၏ call center များအား ဆက်သွယ်မေးမြန်းရာ၌ ငွေလွှဲဝန်ဆောင်မှုအား ခေတ္တရပ်ဆိုင်းမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြောကြား ခဲ့သည်။

"ကျွန်မတို့ kbz pay ကတော့ ထုတ်ပြန်ကြေညာထားတာမရှိပါဘူး၊ တစ်စုံတစ်ရာ လုပ်ဆောင်မှုရှိပါက kbz pay ကနေ တရားဝင်အကြောင်းကြားပေးပါတယ်" ဟု call center မှ ဆိုသည်။

အွန်လိုင်းရှော့ပင်လုပ်ဆောင်သူများနှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ဆောင်သူမျအကြား အလွန်စိုးရိန်နေကြပြီး အဆိုပါ Kpay , Wave pay ၏ ငွေလွှဲဝန်ဆောင်မှု ခေတ္တရပ်နားမည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

"ရန်ကုန်မြို့တော်ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ သူတွေပဲ ငွေပေးချေလို့ မရတာပါ၊ သူ့ဘဏ်က သူ့ Pay က်ို အဆင့်မြှင့်တာပါ၊ တခြား Mobile payment တွေနဲ့ မဆိုင်ပါဘူး" ဟု အိုင်တီသမားတစ်ဦးက ပြောသည်။

ဂျူဂျူး

ဓာတ်ပုံ - အင်တာနက်

#ယနေ့ခေတ်

Post a Comment

Previous Post Next Post