NCA ဟာ KIAနယ်မြေလွိုင်ဇာမှာစတင်ပြီး KNUနယ်မြေ လော်ခီးလာမှာ အတည်ပြုခဲ့ကြတဲ့ EAOများစိတ်ကြိုက်ရေးဆွဲခဲ့ကြတဲ့စာချုပ်ဖြစ်ပြီး ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာသက်သေများရှေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ငြိမ်းချမ်းရေးစာချုပ်ဖြစ်ပါတယ်။
KNU က NCAပျက်ပြီလို့ ပြောရုံနဲ့ ပျက်သွားမယ့်စာချုပ်မဟုတ်ပါဘူး။NCAမှာပါဝင်လက်မှတ်ထိုးပြီးNCAပျက်ပြီပြောတဲ့အဖွဲ့ကသာစာချုပ်ဖောက်ဖျက် ကျင့်ဝတ်သိက္ခာပျက်တဲ့အဖွဲ့ဖြစ်ပါတယ်။
ကမ္ဘာသိ စာချုပ်မှာပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးမပါဝင်လိုတော့လို့ ထွက်တယ်လို့ပြောလိုက်ရင်ရှင်းနေတဲ့ကိစ္စကို ငါမပါတော့လို့စာချုပ်ပျက်ပြီ ပြောတာကတော့ တော်တော် အရှက်သိက္ခာကင်းမဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။
NCAလမ်းကြောင်းက ရရှိတဲ့သဘောတူညီချက်တွေကို လွှတ်တော်မှာတင်ပြအတည် ပြုချက်ယူ ဆိုတာ လက်နက်ကိုင်အဖွဲ့တွေကို သောင်းကျန်းသူအဆင့်ကနေ တိုင်းရင်းသားကိုယ်စားပြုလက်နက်ကိုင်အဖွဲ့များအဖြစ် ဂုဏ်မြှင့်ပေးထားတာဖြစ်ပါတယ်။
စစ်ပွဲတိုက်ပွဲတွေမဖြစ်ရဘဲ မိမိပြည်နယ်လူထု အေးချမ်းစွာနေထိုင်နိုင်ပြီးဖက်ဒရယ်ပြည်ထောင်စု လိုလားချက်များရရှိရေးအတွက်
တစ်ခုတည်းသောလမ်းဟာNCAလမ်းကြောင်းသာ ရှိပါတယ်။
အစိုးရ၊တပ်မတော်၊EAO ဆွေးနွေးပွဲမှာ ခွဲမထွက်ဘူးလို့သာကတိပြုပါ၊ကျန်တာအားလုံးသဘောတူမယ်ဆိုတဲ့အထိ တပ်မတော်ဘက်ကလမ်းဖွင့်ပေးထားပြီးဖြစ်လို့ ပြည်ထောင်စုကခွဲမထွက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးဟာ EAOsဘက်ကသာစိတ်ထားအမှန်ရှိရင် စစ်တိုက်စရာ
မလိုဘဲ NCAနဲ့ လမ်းပွင့်နေပြီးဖြစ်ပါတယ်။
ခက်ခက်ခဲခဲပေါ်ပေါက်လာတဲ့ ဖက်ဒရယ်ပြည် ထောင်စုဆီငြိမ်းချမ်းစွာသွားရေး NCA စာချုပ်ကို ပျက်ပြီလို့ တစ်ဦးတစ်ဖွဲ့ကပြောရုံနဲ့ပျက်မှာမဟုတ်တဲ့အတွက် ပြောသူသာ ဖက်ဒရယ်ပြည်ထောင်စုဆီ ငြိမ်းချမ်းစွာသွားလို့ရမယ့်လမ်းကိုဖျက်ဆီးသူဖြစ်ပါတယ်။
#ThaungLwinHein
Post a Comment