NUG/Pdfတော်လှန်ရေး မအောင်မြင်နိုင်တာဘာကြောင့်လဲ


၁။ လူမျိုးစရိုက်- တော်လှန်ရေးမအောင်မြင်နိုင်တာ ဘာကြောင့်လဲ။ ရိုးရိုးလေး ပြောရရင် ဗမာလူမျိုး ဖြစ်နေလို့ပါဘဲ။
ဗီယက်နမ်လူမျိုး ဂျပန်လူမျိုး အစ္စရေးလူမျိုးတို့လို စရိုက်မျိုးဆိုရင် အောင်မြင်နိုင်ပါတယ်။

ဗမာလူမျိုးဟာ အစွန်း၂ဘက်မှာ ရှိတဲ့ လူမျိုးဖြစ်တယ်။
သူတော်စင်နဲ့ပရဟိတသမားပေါများတာလည်း ဗမာလူမျိုး
ရိုင်းစိုင်းယုတ်မာတဲ့သူ ပေါများတာလည်း ဗမာလူမျိုး။
တိုင်းပြည်အတွက် အသက်စွန့် ကာကွယ်တတ်တာလည်း ဗမာလူမျိုး ကိုယ်ကျိုးရှာတိုင်းပြည်ကိုသစ္စာဖောက်တတ်တာလည်း ဗမာလူမျိုး။

ဗမာလူမျိုးဟာ
သွေးဆူလွယ်တယ်။
သွေးကွဲ လွယ်တယ်။
ခံစားချက်ကို ဦးစားပေးတတ်တယ်။ ဆရာမွေးတပည့်မွေး လုပ်တတ်တယ်။ ကိုယ်ကျိုးရှာတတ်တယ်။
ကောက်ရိုးမီးလို ဝုန်းကနဲ ထတတ်တယ်။ အပျော်အပါးမက်တတ်တယ်။
အဂတိလိုက်စားတတ်တယ်။
ဉာဏ်ရည်မြင့်သလို ဉာဏ်ရည်နိမ့်မိရင်လည်း တခြားလူမျိုးလိုက်မမှီတတ်ဘူး။

တော်လှန်ရေးသမားတွေနဲ့တော်လှန်ရေး ခေါင်းဆောင်တွေဟာ
အဲဒီလို ကိုယ်ရည်ကိုယ်သွေး ရှိနေရင် ဒီ...တော်လှန်ရေး မအောင်မြင်နိုင်ဘူး။
🇼🇸🇼🇸🇼🇸🇼🇸🇼🇸
၂။ စစ်သားဆန်မှု-
မြန်မာလူမျိုးဟာ ပဒေသရာဇ်နိုင်ငံတော်က ဆင်းသက်လို့ စစ်စိတ်စစ်မာန်အားကြီးတယ်။ တိုက်လိုခိုက်လိုစိတ်အားကြီးတယ်။
ဒါကြောင့် သမိုင်းတလျောက်မှာ စစ်တိုက်ရင်းနဲ့ တိုင်းပြည်ကို တည်ဆောက်ခဲ့တဲ့ လူမျိုးဖြစ်တယ်။

ဒါပေမဲ့ အလောင်းမင်းတရား ဘုရင်နောင်လို ထက်​မြက်အားကြီးတဲ့ စစ်ခေါင်းဆောင်ပေါ်ပေါက်ရင်သာ
နိုင်ငံကို စုစည်းနိုင်တယ်။

ကျန်တဲ့အချိန်တွေမှာ
အချင်းချင်းစစ်တိုက်ရင်း အချိန်ကုန်တယ်။
ပြောလိုတာ ကသူတလူငါတမင်းလုပ်တတ်ကြလို့
အင်အားကြီး တပ်မတော် ဖြစ်ဖို့မလွယ်ဘူး။

စစ်သားဆိုတာ ပြည်သူအများစု ထောက်ခံနေရုံနဲ့ စစ်သားမဖြစ်ဘူး။ တက်ကြွနေရုံနဲ့ စစ်သား မဖြစ်ဘူး။
မခံချင်လို့ ရရာလက်နက်ဆွဲကိုင်ရုံနဲ့ စစ်သားမဖြစ်ဘူး။
🎖🎖🎖🎖🎖

စစ်သားဆိုတာ အမိန့်နာခံဖို့လိုတယ်။ တသွေးတသံ တမိန့်ရှိဖို့လိုတယ်။
အဆင့်ဆင့် အမိန့်နာခံမှု ရှိဖို့လိုတယ်။
သေဆိုသေ တမိန့်တအာဏာ အောက်မှာ စုစည်းဖို့လိုတယ်။
ကြည်​း/ရေ/လေ /အမြှောက်/သံ ချပ်ကာ/ လက်နက်ကြီးငယ်  ကျွမ်းကျင်သူ  အရည်အချင်းပြည့်ဝသူ များများ ရှိဖို့လိုတယ်။ ခံ ခွာချီတိုက် စစ်နည်းဗျူဟာမျိုးစုံ ကျွမ်းကျင်ဖို့လိုတယ်။

အဆင့်ဆင့်ကွပ်ကဲမှုရှိဖို့လိုတယ်။
ပေါင်းစပ်ညှိနှိုင်း စစ်တိုက် တတ်ဖို့လိုတယ်။ တပ်မတော်မှာ ဒီအရည်အချင်းတွေရှိတယ်။
ပြည်သူအများစုံထောက်ခံပါတယ်ဆိုရုံနဲ့ ဒီ....အရည်အချင်းတွေမရှိရင် စစ်နိုင်ဖို့မလွယ်ဘူး။
♨♨♨♨♨

စစ်သားစစ်စစ် ဖြစ်ဖို့ တပ်မတော်စစ်စစ်ဖြစ်ဖို့
နှစ်ပေါင်းများစွာ ကြိုးစားရတယ်။
မြန်မာ့တပ်မတော်တောင် ရဲဘော်သုံးကျိပ်က စလို့ နှစ်ပေါင်း၇၀ကေျာ်အထိ တည်ဆောက်နေရတုန်း ဖြစ်တယ်။
မော်စီတုန်းရဲ့ တပ်နီတော် တောင် နှစ်ပေါင်းများစွာ ကြိုးစားရတယ်။
ဟိုချီမင်းရဲ့ စစ်သားပီသလွန်းတဲ့
ဗီယက်ကောင်းတွေတောင်  နှစ်ပေါင်းများစွာ ကြိုးစားရတယ်။

Eaosတွေလို နယ်မြေတခုကို ထိန်းကောင်းထိန်းနိုင်မယ်။
အချိန်မရွေး တပ်ကလာတိုက်တာ ခံရနိုင်တယ်။
ထိန်းနိုင်ရုံနဲ့ လွတ်မြောက်တဲ့နိုင်ငံတခု ဖြစ်မလာဘူး။
တပ်မတော်ဆိုတာလည်း တိုင်းပြည်ကို အမြဲကာကွယ်သွားမှာဖြစ်တော့
အစိုးရပြုတ်ကျတဲ့အထိ
တော်လှန်ရေး မအောင်မြင်နိုင်ဘူး။

ဒါကြောင့် ဗမာလူမျိုးဦးဆောင်တဲ့ တော်လှန်ရေး
ဒီမိုး..ဒီမြေ..ဒီလူတွေနဲ့
အောင်မြင်ဖို့ မလွယ်ဘူး။

NayMyoMyanmar

Post a Comment

Previous Post Next Post