Once A Soldier Always A Soldier.❗


အသက်မသေဘဲကျန်ရစ်ခဲ့တဲ့စစ်သားအိုကြီး
တွေဟာ တဖြည်းဖြည်းချင်းမှေးမှိန်ပြီး
ပျောက်ကွယ်သွားရလေ့ ရှိပါတယ်

ဒါပေမယ့် ...

စစ်သည်အို စစ်သည်ဟောင်းတွေရဲ့ ရင်ထဲမှာ
Once A Soldier, Always A Soldier ပါပဲ ၊

ဒီကနေ့ ဒီမိုကရေစီခေတ် ရောက်တဲ့အချိန်မှာ
စစ်သားတွေကိုလူဆိုးတွေလိုရှုမြင်လာနေကြ
ပြီး

သူပုန်တွေကို.... သူရဲကောင်းကြီးတွေသဖွယ်
ဂုဏ်ပြုနေကြတာမြင်ရတော့ ရင်နာစရာပါ
အဲဒါ...နိုင်ငံရေးသမားတွေပါ

နိုင်ငံရေးအကျိုးအမြတ်အတွက်အသုံးချကြ
မှာပဲ၊ အမြတ်ထုတ်ကြမှာပဲ၊သို့သော်စစ်သား
တွေကိုတော့လက်ညိုးမထိုးကြပါနဲ့

နိုင်ငံနဲ့ပြည်သူအတွက်ခေတ်အဆက်ဆက်က
အသက်ပေးခဲ့တဲ့ စစ်သည်တော်တွေရဲ့ ဝိဥာဉ်
တွေ ရင်မနာကြပါစေနဲ့

နှစ်စဥ် ဒီဇင်ဘာလ၊ပထမအပတ်ရဲ့တနင်္ဂနွေနေ့
တိုင်း သူရဲကောင်းစစ်သည်ဗိမာန်မှာ-
ခေတ်အဆက်ဆက်က....သူရဲကောင်းတွေရဲ့
ကျေးဇူးတရားကို စည်းကမ်းရှိမှု၊လေးစားမှု
တွေနဲ့ ကျွန်တော်တို့  ဂုဏ်ပြုကြမယ်

လူမသိသူမသိကြွေလွင့်ခဲ့ရတဲ့..စစ်သည်တော်
တွေအတွက် ကျွန်တော်တို့ ဂုဏ်ပြုကြမယ်

ပြန်မလာနိုင်တော့တဲ့ လင်ယောင်္ကျား၊ ဖခင်၊ 
အစ်ကို ၊မောင် စတဲ့ အညတရစစ်သည်တွေ
အတွက် ပြိုဆင်းခဲ့ရတဲ့မျက်ရည်စက်တွေ
အတွက်...

ကျွန်တော်တို့ ဂုဏ်ပြုမယ်

အလောင်းကောက်နိုင်ဖို့ ဝေးလို့ လူရုပ်တောင်
မပီ၊ သွေးအလိမ်းလိမ်းနဲ့ယမ်းငွေ့တွေကြားမှာ
ထားပစ်ခဲ့ရတဲ့

သူရဲကောင်းတွေရဲ့ရုပ်အလောင်းတွေအတွက်
ကျွန်တော်တို့ ဂုဏ်ပြုမယ် ၊
ဒီနေ့ဒီမိုကရေစီခေတ်မှာဒီမိုကရေစီဘက်တော်
သားတွေက

“စစ်ခွေး” ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းကင်ပွန်းတပ်
ခေါ်ဝေါ်နေကြတဲ့ တပ်မတော်သားအားလုံးရဲ့ကိုယ်စားနာကျင် ခံစားနေရတဲ့ရင်နာမှုတွေ
အတွက် ကျွန်တော်တို့ဂုဏ်ပြုမယ်

တပ်မတော်ရင်ငွေ့မှာခိုလှုံ လူလူသူသူဖြစ်ပြီးမှ
ဒီကနေ့ရင်၀ကို စုံကန်၊ တပ်မတော်ကို ချနင်းဖို့
လုပ်နေကြတဲ့

ကိုယ်ကျိုးရှာ အတ္တသမားတွေကို
မုန်းတီးမှုတွေနဲ့ ကျွန်တော်တို့
ဂုဏ်ပြုမယ် ၊

သူရဲကောင်း စစ်သည်တွေ...
ခေတ်အဆက်ဆက် အသက်တွေပေးခဲ့ကြတယ်
သူတို့ရဲ့ တုနှိုင်းဖွယ်ရာ မရှိမြင့်မြတ်တဲ့ဂုဏ်ဒြပ်
ကို ကာကွယ်ဖို့ ကျွန်တော်တို့ ဂုဏ်ပြုမယ် ၊

ဘယ်သူတွေ ဂရုစိုက်စိုက်မစိုက်စိုက်

သူရဲကောင်းတွေရဲ့ဝိဥာဉ်တွေဟာဒီနိုင်ငံကြီးကို 
ကာကွယ်စောင့်ရှောက်နေပါလိမ့်မယ်...
ဘယ်သူတွေ ဘယ်လို လက်ညိုးထိုးထိုး..
နိုင်ငံရေးချစ်တီးတွေဘယ်လိုပဲအမြတ်
ထုတ်ထုတ် ၊

ကျွန်တော်တို့ရဲ့ခေတ်အဆက်ဆက်သူရဲကောင်း
တွေကိုမစော်ကားကြပါနဲ့ဗျာ..ခင်ဗျားတို့မှာ...
လက်ညိုးထိုးဖို့နည်းနည်းလေးတောင်
အခွင့်အရေး မရှိဘူး.. ၊

ရင်ဘတ်ချင်းတူသူတွေ...

ရင်ခုန်သံချင်းတူသူတွေအားလုံးကို
လေးစားလျက်...

Crd:
မောင်အောင်

photo-
🇲🇲 ကိုကြီးစွန်း
လေးလေးမော့ဆက်

Post a Comment

Previous Post Next Post