အမြန်လမ်း မိုင်တိုင် ၁၆၂ ရှိ ရဲတပ်ဖွဲ့ဝင်များကို PDFအကြမ်းဖက်သမားများက သာလွန်အင်အားဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်


၉.၉.၂၀၂၃ ရက်နေ့ ၀၄၀၀ အချိန်ခန့် နေပြည်တော် - ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၂/၀ လမ်းအနောက်ဘက် (၁)မိုင်ခန့်အကွာ ဆိပ်ဖူးတောင်တောရကျောင်းအနီးတွင် အခြေပြုလျက်ရှိသော လှုပ်ရှား ခွဲ(၁၂)မှ ရဲတပ်ဖွဲ့ဝင်များအား ယနေ့ ညနေ (၄ ၀၀)နာရီ ဝန်းကျင်ခန့်တွင် PDF အကြမ်းဖက်အင်အား ၅၀ ခန့်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားတပ်ခွဲတွင် ရဲတပ်ဖွဲ့ဝင် ၈ဦး သာ ရှိပြီး အကြမ်းဖက်သမား အင်အား (၅၀)ဦးခန့်က လက်နက်ငယ် / ၄၀ မမများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စမိုးရဲကင်းကို စစ်ကူတောင်းခံခဲ့ရကြောင်း၊ လှုပ်ရှား ခွဲ(၁၂)မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကနဦး သိရသည်။

#MyanmarNationalPost

Post a Comment

Previous Post Next Post