Pdfပေါ်လာလို့ တပ်မတော်အတွက် အားသာချက်များ


အဆိုးကြားထဲက အကောင်းရှာကြည့်ရင်....

၁။ စစ်ခုံရုံးတွေ ထောင်ချထုတ်ပယ်တာတွေ နည်းလာတယ်။ အင်အားပြုန်းတီးမှာ စိုးရိမ်လို့ အောက်ခြေကို အရင်ကထက် ဂရုစိုက်လာတယ်။

၂။ လေတပ်ရဲ့စွမ်းရည်တွေ ပိုတိုးတက်လာတယ်။ ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေးတွေကို လက်တွေ့ လုပ်ရလို့ ကြည်းတပ်မှာလည်း ပိုပြီးကျွမ်းကျင်လာတယ်။

၃ ။ Pdfသတ်ဖြတ်ရန်မူတာခံရသူတွေရဲ့ သားသမီးတွေအဆက်အနွယ်တွေ တပ်ထဲကို ဝင်လာတာများလာတယ်။

၄။ စစ်သားရဲ့သားသမီးတွေ တပ်မတော် ထဲကို ပြန်ဝင်တာများလာတယ်။ စစ်သားရဲ့သားသမီးတွေ ဗိုလ်သင်တန်းကျောင်းတွေမှာ ပိုအရွေးခံလာရတယ်။

၃။  စစ်မတိုက်ရတဲ့တပ်တွေ စစ်ဆင်ရေးအတွေ့အကြုံနည်းတဲ့တပ်တွေ  လက်တွေ့တိုက်ရတာများတော့ ပိုပြီး ကျွမ်းကျင်လာတယ်။

၄။ သင်တန်းတွေ ဖက်ထိပ်​ လုပ်အားပေးတွေ မလိုအပ်တာတွေ နည်းလာပြီး စစ်ရေးစစ်ရာကို ဦးစားပေးလာတယ်။

၅။ အထိုင်တပ်တွေ လက်ရုံးတပ်တွေ နောက်ချန်စစ်သည်ရဲမေတွေကအစ စစ်ရေးသတိရှိလာတယ်။

၆။ ရှေ့တန်းထွက်ရတာများလာတော့ အိမ်ထောင်သည်အတွက် အဆင်မပြေပေမဲ့ လူပျိုလူလွတ်တွေက ရှေ့တန်းမှာပိုပျော်တယ်။

၇။ Pdf ရန်ကြောင့် စစ်သားနဲ့မဆိုင်တဲ့အလုပ်တွေ စိုက်မွေးတွေ ဖိအားတွေနည်းလာပြီး
စစ်သားရဲ့စစ်ရေးစွမ်းရည်တွေ စစ်ရေးအမြင်တွေ တိုး တက်လာတယ်။

တကယ်က မီဒီယာပြောသလောက် တပ်ကအကျအရှုံးမများဘူး။
Eaosတွေ များလို့သာ နယ်မြေ ဖြန့်ခွဲနေရလို့သာ နယ်မြေမနိုင်မနင်းဖြစ်နေတာ။
တချို့စခန်းထိုင်ရုံ ထိုင်ပြီး တိုက်ပွဲမဖြစ်လို့ ပျင်းနေတဲ့တပ်တွေရှိတယ်။
တချို့မလိုအပ်တဲ့ စခန်းကုန်းတွေကို ခေတ္တစွန့်လွတ်ပြီး
လိုအပ်တဲ့နေရာမှာ
ဖိတိုက်မယ်ဆိုရင်
လခရအခြေအနေပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။

တခုဘဲ။ ဗမာ ဗမာချင်းတိုက်ရတော့ ဗမာသေတာဘဲရှိတယ်။ ဗမာဦးရေ လျော့မယ်။ ဗမာကိုမုန်းတဲ့ Eaosတွေ ပျော်မယ်။
စစ်ပွဲကြာရှည်မယ်။ တိုင်းပြည်နာမယ်။တပ်နာမယ်။

စစ်တိုက်တဲ့လူမှ ငြိမ်းချမ်းရေးကိုတကယ်လိုချင်တာ။ မိသားစုနဲ့အေးအေးချမ်းချမ်းနေပြီး တိုင်းပြည်ကိုတိုးတက်စေချင်တာ။ မဖြစ်တော့လည်း တိုက်ရတာပါဘဲ။

အဆိုးထဲက ရုန်းကန်ရှင်သန်လာရတဲ့ ဘဝတွေ ပါ။

NayMyoMyanmar

Post a Comment

Previous Post Next Post