အမျိုးတွေနေတဲ့ ရွာက လူငယ်လေးများ ရောက်လာတယ်။
"အကိုကြီး အလုပ်ရှာပေးပါအုံး။ ရွာမှာမနေရဲလို့"
"ဘာဖြစ်လို့လဲ "
"Pdfက တရွာကို လူငယ်၅ယောက်တောင်းနေတာ။ မပေးနိုင်ရင် ငွေပေးရတယ်။
ငွေလည်းမပေးနိုင်ရင် တွေ့တဲ့လူဆွဲနေတာ။
ရွာက လူငယ်တွေPdfထဲဝင်ရမှာ ကြောက်လို့ ထွက်ပြေးနေကြတာ။
ရွာကလူတွေလည်း Pdfကို ပြန်မပြောရဲဘူး။
စကားမှားတာနဲ့
သတ်နေတာ။
ကျတော်သူငယ်ချင်းတယောက် အကျိုးအကြောင်းလေးပြောတာကို လက်မခံဘူး။ အသတ်ခံရပြီးပြီ"
"Online ပေါ်မှာတော့ Pdfက ဘာမှမလုပ်ဘူး။ ပြည်သူကိုကာကွယ်စောင့်ရှောက်နေတာ ။
တပ်မတော်စစ်ကြောင်းတွေကဘဲ ဆိုးနေတာဆို"
" မြေပြင်မှာတော့ ပြောင်းပြန်ဘဲ အကိုကြီး။
ရွာနားကို တပ်မတော်စစ်ကြောင်းထိုးတာ ၃ခါရှိပြီ။ ၃ခါလုံး ဘာမှ မဖြစ်ဘူး။
ကျနော်တို့ ထွက်ပြေးတာတောင် မပြေးဖို့ ပြောတယ်။
ဘယ်ဘက်မှမပါဘဲ အေးအေးဆေးဆေး နေကြဖို့ဘဲ ပြောသွားတာ။
Pdfတွေကောင်းတယ်ဆိုရင် အခုလို ထွက်ပြေးလာပါ့မလားဗျာ"
"အ ငွ း းးးးးးး"
သက်ပြင်းမောကြီးကိုချရင်း...။
အာဏာရှင်ကိုတော်လှန်ပါတယ်ပြောပြီး
ကိုယ်တိုင်အာဏာရှင်ဆန်လာတယ်။ Pdfလက်အောက်မှ
ပြည်သူများ ဘဝက မလွယ်ပါလား။
ရင်မောစရာ.... မြန်မာပြည်။
Post a Comment