“အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာတွေ့ဆုံ”
“NCA(၈) နှစ်မြောက်နှစ်ပတ်လည်နေ့ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအပါဝင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်များ ဆွေးနွေး”
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
ထိုသို့တွေ့ဆုံရာ၌ နှစ်ဖက်ဆွေးနွေးမည့် အစီအစဉ်များကို ဦးစွာဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်း ရေး မှူး(၁) စဝ်စိုင်းငင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။
Post a Comment