ကိုသက်၊ဘညွှန့်၊မှိုင်းဝေ၊ ဟန်ငြိမ်းဦး ၊ကျော်စွာ Telegram Channel များကို အနောက်အုပ်စုအားပေးမီဒီယာများ ကြောက်လန့်နေရ

 

မဟုတ်မမှန်သတင်းများကို နေ့စဉ်လွှင့်တင်နေသည့် ဒေါ်လာစား မီဒီယာများအတွက် သတင်းမှန်များ ပြန်ကြားပေးနေသည့်  Telegram Chanel များဖြစ်သည့် ကိုသက်၊ မှိုင်းဝေ၊ကျော်စွာ၊ဟန်ငြိမ်းဦး၊ ဘညွှန့် တို့သည် အဟန့်အတားများစွာဖြစ်ပေါ်နေသည့်အတွက် NUG တာဝန်ရှိသူများ စိတ်ပျက်နေသည့် သိရ..
______________________________

နေ့စဉ်နှင့်အမျှ တပ်မတော်ကို မည်သို့မည်ပုံတိုက်ခိုက်အနိုင်ရရှိခဲ့သည်ဟူသည့် မဟုတ်မမှန်သတင်းများ၊ မြို့ရွာများကို သိမ်းပိုက်လိုက် နိုင်သည်ဟူသည့် သတင်းတုများကို ထုတ်လွှင့်လျက်ရှိသည့်အပြင် တပ်မတော်သားများ မည်ရွေ့မည်မျှ သေကျေပျက်စီးကြရသည်ဟူသည့် သတင်းမှားများကိုလည်း လူမှုကွန်ရက်တို့တွင် မြင်တွေ့ရသည်။ အကြမ်းဖက်အဖွဲ့များက ပိုမိုများပြားသောနယ်မြေများကို ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် မြို့နယ် ၃၃၀ တွင် ၇၂ မြို့နယ် ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်းသတင်းမှားများကို မပြတ်ထုတ်ပြန်လျက်ရှိပြီး ပြည်သူလူထု၏ စိတ်တွင်းမှ တပ်မတော်၏အနေအထားကို ယိမ်းယိုင်စေရန် ကြံရွယ်နေသည်ကိုလည်း မြင်တွေ့ရသည်။ ထိုသို့ မဟုတ် မမှန်သတင်းများကို ကိုသက်၊ဘညွှန့်၊ မှိုင်းဝေ၊ ကျော်စွာ၊ ဟန်ငြိမ်းဦး Telegram ချန်နယ်များသည့် မိနစ် မဆိုင်းဘဲ သတင်းမှန်များတုံ့ပြန့်နေသဖြင့် ဟိုအရင် NLD ခေတ်ကလို သတင်းတု သတင်းမှားများသည် အင်တာနက် သုံးသည့် လူတန်းစားများအကြား တွင် ထင်သလောက် ခရီးမပေါက်တော့သည်ကိုတွေ့ရသည်။ သတင်းတု များ မဟုတ် မမှန် သည်များကို တုံ့ပြန်၍ ချက်နဲ့လက်နဲ့ မြေပြင်သတင်းအတိအကျကို ရေးသားနေသည့် FACH CHECK တို့ ချန်နယ်များသည်လည်း ရှိနေပြန်သဖြင့် အဓိက ဖော်လံဖား ဒေါ်လာစား မီဒီယာများ “ ဖော်ရွှီး” လုပ်လို့ မရနိုင်တော့ပါ။

#DGF21News



Post a Comment

Previous Post Next Post