ULA/AAများ လူကြားထဲမလာရဲ၍ ဆက်ကြေးငွေအား Wave money ဖြင့် တောင်းနေ

ဖမ်းဆီးထိန်းသိမ်းခံရမည် စိုးရိမ်သောကြောင့် နီးစပ်ရာတောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ULA/AA အဖွဲ့များအနေဖြင့် ၎င်းတို့ အသက်ရှင်ရပ်တည်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ဆက်ကြေးကောက်ခံရာ၌ အခက်အခဲအခဲဖြစ်ပေါ်လျက်ရှိရာ လက်ရှိကာလတွင် ဆက်ကြေးငွေများအား အွန်လိုင်းမှတဆင့် တောင်းယူလျက်ရှိနေကြောင်း ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။

  ကျောက်ဖြူမြို့မှနေ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေသည့် ULA/AA မြို့မတိုက်နယ်မှူး ထွန်းလင်းအောင်မှလည်း ကျောက်ဖြူမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအား ဖုန်းဖြင့်ဆက်သွယ်၍ “၎င်းမှာခေတ်မကောင်း၍ တောထဲသို့ ထွက်ပြေးနေရတာဖြစ်ကြောင်း၊ ၎င်းတောင်းသည့်ငွေများအား  Wave money ဖြင့် ပေးပို့ရမည်ဖြစ်ပြီး မပေးသူများအား စာရင်းပြုစု၍ AA အဖွဲ့ဝင်များဖြင့် လာရောက် ဖမ်းဆီးခိုင်းမည်” ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ရေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးမှ  May Yu Htar Nay သို့ အတည်ပြု ပြောဆိုထားသည်။
  ULA/AA အဖွဲ့များအနေဖြင့် တောထဲမှတဆင့် ထိုသို့ငွေများတောင်းယူလျက်ရှိရာ တောင်ကုတ်မြို့နယ်၊ လမူးမော်ရွာအတွင်းနေထိုင်သည့် ရွာသားများအား ၎င်းရွာနေ ULA/AA အဖွဲ့ဝင် သော်ဇင်မှ “၎င်း၏ခေါင်းဆောင်မှ တောထဲမှနေ၍ ဖုန်းဖြင့်ဆက်သွယ်ပြီး လစဉ်ကြေးတောင်းခိုင်းနေတာကြောင့်”ဟုဆိုကာ တစ်အိမ်လျှင် (၅၀၀၀) နှုန်း လိုက်လံကောက်ခံနေပြီး ငွေမထည့်သူများအား ဆဲဆိုရမ်းကားလျက်ရှိနေသည်ဟု ရွာသားများထံမှ သိရှိရသည်။

#MayYuHtarNay

Post a Comment

Previous Post Next Post