ULA/AAခဲဝါအဖွဲ့မှ နံ့သာကျွန်းအနီးဝန်း ကျင်၌ ငါးဖမ်းလျက်ရှိသော စက်လှေများထံမှဆက်ကြေးကောက်ခံနေ


ငပလီမြို့ ဂျိတ္တောရပ်ကွက်အတွင်း ငါးဖမ်းစက်လှေများ ယခုရက်ပိုင်းအတွင်း နံ့သာကျွန်းအနီးရှိ ပင်လယ်ပြင်တွင် ငါးဖမ်းနေ
စဥ်  ULA/AA ခဲဝါအဖွဲ့မှ မောင်အေးသိန်းဆိုသူစာ စက်လှေတစ်စီးဖြင့် ကျောက်ဖြူမြို့နယ်ဘက်မှ ရောက်ရှိလာပြီးပင်လယ်ပြင်၌ ငါးဖမ်းလျက်ရှိသော စက်လှေများအား တစ်စီးလျင် ၅၀၀၀၀ ကျပ်နှုန်းကောက်ခံသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နံ့သာကျွန်းအနီး ပင်လယ်ပြင်၌ ငါးဖမ်းခြင်းဆောင်ရွက်ပါက ULA/ AAခဲဝါ အဖွဲ့အား ဆက်ကြေးငွေပေးဆောင်ရမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက ငါးဖမ်းစက်လှေများအား သိမ်းဆည်းခြင်းများဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဟာ ကာလအတန်အကြာထိ ငြိမ်းချမ်းနေခဲ့သော်လည်း ယခုနှစ်လည်ပိုင်းမှစ၍ AA ခဲဝါအဖွဲ့တွေ ဝင်ရောက်ငွေကြေးကောက်ခံမှုတွေနဲ့ လူသစ်စုဆောင်းမှုတွေကြောင့် ဒေသခံတွေပိုမို ကြပ်တည်းလာတယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post