အဆိုပါ Y Series မြစ်တွင်းသွား အပေါ့စား ကင်းလှည့်တိုက်ရေယာဥ်များကို ၁၉၅၀ ခုနှစ်ပတ်ဝန်းကျင်ကစပြီး ယူဂိုဆလားဗီယားပြည်ထောင်စုပိုင် Uljansik SY သဘော်ကျင်းမှ မြစ်တွင်းကင်းလှည့်ခြင်း နဲ့ ကမ်းနီး စစ်ဆင်ရေးများအတွက် အဓိကထားရည်ရွယ်တည်ဆောက်ခဲ့ပါတယ် ။
လက်နက်တပ်ဆင်မှုအနေနဲ့ကတော့ ၄၀ မမ ဘော်ဖာနှစ်လက်နဲ့ ၂၀ မမ Oerlikon ရေတပ်သုံး အမြောက်နှစ်လက် တပ်ဆင်ထားပါတယ်။
တပ်မတော် ရေ အနေနဲ့ကတော့ အဆိုပါ Y Series မြစ်တွင်းသွားကင်းလှည့်တိုက်ရေယာဥ်များကို ၁၉၅၇ ခုနှစ် မှာ စတင်ဝယ်ယူခဲ့ပြီး တိုက်ရေယာဥ်အမှတ် ၃၀၁ ၃၀၂ စသဖြင့် ၃ ဂဏန်း series အဖြစ် အမည်သတ်မှတ်ခဲ့ပါတယ်။
တပ်မတော်ရေ ရဲ့ Y Series များဟာ ထိုခေတ် အခါက ပြည်တွင်းစစ်ဆင်ရေးများမှာ ခြေလျင်တပ်များရဲ့ လက်နက်ပစ်ကူ ရိက္ခာထောက်ပို့သယ်ယူရေး အဖြစ် အလွန်အသုံးဝင်ခဲ့ပါတယ် ။
တပ်မတော်ရေ အနေနဲ့ ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ခုနှစ် အထိ Y Series ကင်းလှည့်တိုက်ရေယာဥ် ၁၀ စီးအထိဝယ်ယူခဲ့ပြီး တိုက်ရေယာဥ်အမှတ် ၃၀၁ မှ ၃၁၀ အထိ ပိုင်ဆိုင်ထားပါတယ် ။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှစတင်၍ အဆိုပါ စစ်ရေယာဥ်များကို မြစ်တွင်းသွားစစ်ဆင်ရေးတာဝန်များကနေ ကမ်းနီးကင်းလှည့်တာဝန်များ ပြောင်းလဲပေးအပ်ခဲ့ပြီး ယခုနိုင်ငံရေးအခြေအနေအပြောင်းအလဲ နောက်ပိုင်းမှာတော့ မြစ်တွင်းသွားတိုက်ရေယာဥ်အနေနဲ့ စစ်ဆင်ရေးတွေမှာ ပြန်လည်ပွဲထုတ်လာတာဖြစ်ပါတယ် ။
#NLH_IR
Post a Comment