A-10 Thunderbolt II အမျိုးအစား မြေပြင်ပစ်ကူပေးရေးတိုက်လေယာဉ်အချို့ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိ

အမေရိကန်နိုင်ငံ အယ်ရီဇိုးနားပြည်နယ်ရှိ Davis-Monthan လေတပ်စခန်း၌
အခြေစိုက်သည့် အမှတ် (၃၅၄) တိုက်လေယာဉ်အုပ်၏ A-10 Thunderbolt II အမျိုးအစား မြေပြင်ပစ်ကူပေးရေးတိုက်လေယာဉ်အချို့ဟာ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပင်တဂွန်မှ လွန်ခဲ့သည့် သုံးရက်ကတည်းက အတည်ပြုထားပါတယ်။

သို့သော် A-10 တိုက်လေယာဉ်အရေအတွက် မည်မျှစေလွှတ်ထားကြောင်း၊ ၎င်းတို့အထိုင်ချတပ်စွဲရာလေတပ်စခန်းနှင့် အခြားမည်သည့်‌တိုက်လေယာဉ်များပါရှိကြောင်းကို ပင်တဂွန်မှ တရားဝင်ထုတ်ပြောရန် ငြင်းဆိုထားကြပါတယ်။

၎င်းတိုက်လေယာဉ်များဟာ အရှေ့အလည်ပိုင်းတွင်းလည်ပတ်နေသည့် ဂျော်ဂျီယာပြည်နယ်၌ အခြေစိုက်သော Moody လေတပ်စခန်းမှ စေလွှတ်ထားသော အမှတ် (၇၅)တိုက်လေယာဉ်အုပ်ရှိ အခြားသော A-10 များနှင့် ပူးပေါင်းမှာဖြစ်ကြောင်းသိရပါတယ်။

ထိုသို့ အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်လေတပ်မှ A-10 တိုက်လေယာဉ်များအား တိုးချဲ့တပ်ဖြန့်ခြင်းဟာ အစ္စရေးကို ရန်ရှာလာနိုင်သည့် အီရန်ကို ထိန်းထားရန်ဖြစ်ကြောင်း အချို့သောစစ်ဘက်ပညာရှင်များက သုံးသပ်ထားကြပါတယ်။

မြေပြင်ပစ်ကူပေးရေး၌ ဂန္တဝင်တစ်ပါးဖြစ်သည့် A-10 ကြီးဟာ အမေရိကန်မြေပြင်တပ်ဖွဲ့များအဖို့ အရေးကြုံလာလျှင် အိမ်ကမိန်းမထက် ပိုမိုတမ်းတကြရသည်အထိ စွမ်းဆောင်ကာ အမေရိကန်ခြေလျင်တပ်များကို တိုက်ပွဲများကြား အမြဲတစေကယ်တင်ပေးလေ့ရှိသည့် တိုက်လေယာဉ်ကြီးဖြစ်ပါတယ်။

လေယာဉ်ဦးပိုင်းထိပ်တွင် တပ်ဆင်ထားသည့် 30×173mm ကျည်သုံး GAU-8 Avenger စက်အမြှောက်ကြီး၏ Barrrrrrrrr ဟုသော မြည်သံအောက်တွင် ရန်သူတပ်ဖွဲ့များအတုန်းအရှုံးကျဆုံးကြသည့် သာဓကဖြစ်ရပ်များစွာရှိခဲ့ဖူးပါတယ်။ အမြင့်ပေ (၄၀၀၀)မှနေ၍ မြေပြင်ကိုခေါင်းစိုက်ချကာ ပစ်ခတ်ပါက မြေပြင်ဧရိယာပေ (၄၀)အတွင်းရှိပစ်မှတ်များဟာ လုံးဝကိုစကာပေါက်ဖြစ်ပြီး စုတ်ပြတ်သတ်သွားအောင်လုပ်နိုင်သည့် ကမ္ဘာပေါ်ရှိ တစ်မျိုးတည်းသော CAS Legend တိုက်လေယာဉ်ကြီးဖြစ်ပါတယ်။

ဓာတ်ပုံထဲတွင်မြင်ရသည့်အတိုင်း A-10 ကြီးများဟာ အဝေးကြီးမှ လာခဲ့ရတာဖြစ်သည့်အတွက် ဝမ်းဗိုက်တည့်တည့်အောက်တွင် လေယာဉ်ဆီ ဂါလံ (၆၀၀)အထိဆံ့သည့် အပိုဆီတိုင်ကီကြီး (၁)လုံးကို ချိတ်ဆွဲလာကြတာကိုတွေ့ရပါတယ်။

A-10 ကြီးများဟာ ယခင်က စစ်ပွဲကြီးများလို ပြန်ပြီး ကြမ်းတော့မလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။

#JohnT

Post a Comment

Previous Post Next Post