ထိုင်းနိုင်ငံဟာ နိုဝင်ဘာ ၃၀ရက်နေ့မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန်အတွက် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားထားကြောင်း ထိုင်းအစိုးရနှင့်နီးစပ်သူများက ပြောပါတယ်။
ထိုင်းနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်ဇွန်လမှာ တည်ထောင်ခဲ့တဲ့ BIMSTEC အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး အဆိုပါ BIMSTEC အဖွဲ့ဟာ ဒေသအတွင်း ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ငါးလုပ်ငန်း၊လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းဖြစ်ပါတယ်။
BIMSTEC အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံများအဖြစ် အိန္ဒိယ၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်တို့ ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရပါတယ်။ ထိုင်းအစိုးရအဖွဲ့ နှင့်နီးစပ်သူတစ်ဦးက နစက ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ခေါင်းဆောင်များအားလုံးကို အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားထားကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
Ref; thaipbsworld
Post a Comment