ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်မှာ ပြု လုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ်(၆၆)ရဲ့ စစ်လက်ရုံးရွေး ချယ်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တက်ရောက်စိစစ်ရွေးချယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်...
စာပေနဲ့ စစ်ပညာ သင်ခန်းစာတွေမှာ ထူး ချွန်ထက်မြက်ပြီး ဝါသနာရော ကြိုးစားမှုပါ အားကောင်းကြတဲ့ ဗိုလ်လောင်းတွေရဲ့ အ ရည်အချင်းအပေါ်မှာ အကဲဖြတ်စိစစ်ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) နဲ့ စစ်လက် ရုံးအသီးသီးအတွက် လိုအပ်တဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ရွေးချယ်ပေးခဲ့ပြီး အနော်ရထာတပ်ရင်းရဲ့ ဗိုလ်လောင်းစားရိပ်သာမှာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နဲ့ တပ်မတော်အရာရှိကြီးများက သင်တန်း သားဗိုလ်လောင်းတွေနဲ့အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ တပ်မတော်အရာရှိကြီးများကလည်း ဘုရင့်နောင်တပ်ရင်းရဲ့ ဗိုလ်လောင်းစားရိပ်သာမှာ သင်တန်းသားဗိုလ်လောင်းတွေနဲ့အတူ နေ့ လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ရင်းရင်းနှီးနှီးနဲ့ လိုက်လံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ပါတယ်။
crd***original news
#JBT
Post a Comment