နိုင်ငံတစ်နိုင်ငံတွင် အခြေခံဥပဒေသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


ယမန်နေ့နံနက်ပိုင်းက ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၅/၂၀၂၃)မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
NCA သဘောတူစာချုပ်သည် တိုင်းရင်းသားများရဲ့ လိုလားချက်များကို အခြေခံပြီး ရေးဆွဲခဲ့သည့်စာချုပ်၊ သဘောတူညီခဲ့သည့်စာချုပ်ဖြစ်ပြီး တိုင်းရင်းသားများ၏ လိုလားချက်များအပေါ် နိုင်ငံတော်က ကတိကဝတ်အနေဖြင့် ပေးထားသည့် စာချုပ်တစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံတွင် အခြေခံဥပဒေသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အာမခံချက်တစ်ခုဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အခြေခံပြီး ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစား လိုက်နာတဲ့ နိုင်ငံရေးပါတီများသာ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ရခြင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post