ထိုင်းနိုင်ငံ ကမ်ဖမ်ဖက်ခရိုင်အတွင်းပြုလုပ်
သော ဖက်ဒရယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ဥပဒေ
ပြုရေး အစည်းအေ၀းကို KNUခေါင်းဆောင်
များဦးဆောင်ပြီးဆောင်ရွက်ခဲ့ကြပါတယ်။ ဒီအ
စည်းအေ၀းကို NCAတွင်ပါ၀င်သော KNUမှ
လွဲ၍ ကျန်EAOများတက်ရောက် ခြင်းမရှိဘဲ၊
ကချင်ဖက်မှ ဖက်ဒရယ်စိတ်၀င်စားသူတစ်ချို့
တက်ရောက်ပြီး KNPP၊ CNF၊ NUGမှ တာ
၀န်ရှိသူတစ်ချို့ တက်ရောက်လာတာကို တွေ့ရ
ပြီး အစည်းေ၀းကို (၂)ရက်တိုင်ကျင်းပခဲ့ပြီး၊
နာရီပေါင်း ၇း၄၅ မိနစ်ထိဆွေးနွေးအဖြေရှာခဲ့ကြပြီး ပြေလည်မှု လုံး၀မရရှိခဲ့ကြဘူးလို့ ကျွန်တော်တို့ရဲ့ အတွင်းသတင်းပေးခေါင်း
ဆောင်က သတင်းပို့ပေးလာပါတယ်။
ဒီဆွေးနွေးပွဲမှာ KNUဘက်က တင်ပြတာက
ဗမာပြည်ပေါ်ပေါက်လာရေးကိုဦးတည်ထားပါတယ်။ စကိုင်းတိုင်းအောက်ပိုင်းရယ်၊ပဲခူးတိုင်း
အနောက်ပိုင်းရယ်၊ မန္တလေးပိုင်းအောက်ပိုင်းရယ်၊ မကွေးတိုင်းရယ်ကို ဗမာပြည်အဖြစ်ဖွဲ့စည်းပြီး ဗမာတွေက လွတ်လပ်စွာ စီမံအုပ်ချုပ်သင့်ကြောင်း၊ ကျန်နယ်များသည် တိုင်း
ရင်းသားပေါင်းစုံ အတူတကွနေထိုင်နေခြင်းကြောင့် ပြည်ထောင်စုနယ်မြေများအဖြစ်သတ်
မှတ် ရမည်ဖြစ်ကြောင်း ဆွေးနွေးကြပါတယ်။
KNPP /K-F ကယားEAOတွေကတော့
နေပြည်တော် အရှေ့ပိုင်းက ကယားရွာများအထိ ကယားပြည်နယ်ကို တိုးချဲ့ပေးဖို့လိုကြောင်းနှင့် တော်လှန်ရေးပြီးဆုံးအောင်မြင်ပါ
က မိမိကံကြမ္မာ မိမိဆုံးဖြတ်ခွင့်ကိုသာလိုအပ်ပါကြောင်း ၊ ကော်သူးလေအောက်သို့ အတင်း
သွတ်သွင်းခြင်း၊ ဗမာအောက်အတင်းသွတ်သွင်းခြင်းကို လက်ခံမည်မဟုတ်ကြောင်း
ဆွေးနွေးတယ်လို့ သိရပါတယ်။
NUG နဲ့ PDFခေါင်းဆောင်တစ်ချို့ကတော့
လွတ်လပ်ရေးကိုသာ ပထမ ဆောင် ရွက်သင့်ပြီး
နောင်တွင်ဆက်လက်ဆွေးနွေးသင့်ကြောင်း ပြည်သူလူထုဆန္ဒကို ကောက်ခံပြီးမှသာ ဗမာပြည်နယ်နိမိတ် ပျက်သနာကို အဖြေရှာသင့်ကြောင်း၊ သို့မဟုတ်ပါက ပြည်သူကလက်မခံ
လျှင် ပျက်သနာတွေ ဆက်ရှိနေနိုင်သည်ကို မ
လိုလားပါကြောင်းဆွေးနွေးသလို၊ မေးခွန်းအချို့ကို PDFခေါင်းဆောင်တွေက မေးမြန်းခဲ့ကြပါတယ်။
ဒီမေးမြန်းမှုများတွင် ဗမာပြည်နယ်နိမိတ်
သည် ဗမာလူမျိုးများလက်ခံလောက်မည်ဟု
မထင်မိကြောင်း၊ ဘာကြောင့်ဆိုသော် လက်ရှိ
ဗမာလူမျိုးများ၏ လူဦးရေဟာ သန်း ၃၀ အထက်ရှိပြီး တိုင်းရင်းသားအားလုံးပေါင်းသည်ထက် တစ်ဆကျော်ပိုများနေသော်လည်း ရှမ်းပြည်လောက်ရှိသော ဗမာပြည်ကို ဗမာလူမျိုးများလက်ခံပါမလား စိုးရိမ်
မိကြောင်း၊ ကျန်ပြည်နယ်များမှာလည်း တိုင်း
ရင်းသားအားလုံးစုပေါင်းနေထိုင်နေခြင်းကြောင့်
ပြည်နယ်များကို ပြည်နယ်မသတ်မှတ်ဘဲ ပြည်
ထောင်စုနယ်မြေအဖြစ် သတ်မှတ်မှသာ လက်
ခံနိုင်ရန်သင့်ကြောင်း တင်ပြဆွေးနွေးကြပါတယ်။
တစ်ကယ်လို့ ပြည်ထောင်စုနယ်မြေများကို
ဘယ်သူက အုပ်ချုပ်မှာလည်းလို့ မေးခွန်းကို
တော့၊ KNU ဘက်က လက်ရှိ သူတို့ KNUဟာ
ပဲခူးတိုင်းအရှေ့ခြင်းနှင့် တနင်သာရီတိုင်း၊မွန်ပြည်နယ်များအထိ တပ်မဟာများဖြင့် နယ်
မြေစိုးမိုးထားနိုင်ခြင်းကြောင့် သူတို့ဆက်လက်
အုပ်ချုပ်လျှင်ပိုမိုသင့်တော်မည်ဟု ယုံကြည်ပါ
ကြောင်း၊ အခြေနေအရပ်ရပ် တိုးတက်လာပါ
က ဧရာ၀တီတိုင်းအထိ တာ၀န်ယူထားပေးနိုင်ပါကြောင်း၊ ကျန်နယ်များဖြစ်သော ရန်ကုန်တိုင်းကို မွန်အဖွဲ့စည်းများ၊ရိုဟင်ဂျာအ
ဖွဲ့စည်းများ၊ ကရင်ပြည်သူများ၊ ဗမာ လူငယ်များကို ကိုယ်စားလှယ်ပေး၍ အုပ်ချုပ်လျှင်သင့်တော်မည်ဖြစ်ကြောင်း ဆွေးနွေးကြပါတယ်။
အာဏာလိုချင်လို့ စစ်တိုက်ယူမလို့ပါဆိုကာ
မှာ နယ်လုနေတဲ့ KNUကြောင့် ထိုအစည်းေ၀းမှာ ရပ်တန့်ခဲ့ပြီး၊ KNUမှ NUG/PDF
များမပါ၀င်ပဲ ဗမာပြည်နယ်ဖွဲ့စည်းရေး ဖက်ဒရယ်ဖွဲ့စည်းပုံ ရေးစွဲရေးကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ NUGသည် ၂နှစ်ကျော်ကာ
လအထိ ပါးစပ်ပြောဖက်ဒရေးသာပြောနေပြီး
အဓိကလိုအပ်ချက် ဖြစ်သော ဥပဒေရေးစွဲရေး
ကို အကောင်အထည်ဖေါ်ခြင်းမရှိခြင်းကြောင့်
မိမိတို့ကသာ ရေးဆွဲအတည်ပြုသွားဖြစ်ကြောင်း၊ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေကို ဥ
ပဒေရေးရာကျွမ်းကျင်သူဟုဆိုသူ ခွန်းမာရ်ကို
ဘန်း ကိုတာ၀န်ပေးသွားမည်ဖြစ်ကြောင်း ထုတ်
ပြန်ထားသည်။
သို့သော် NUGနှင့် PDFတွေကြားတွင် KNUသည် ပြည်သူဆန္ဒအလေးမထားဘဲ မိမိ
တစ်ဖွဲ့တည်း ရေးစွဲသော ဖွဲ့စည်းပုံသည် ပြည်သူအကြိုက်ဖြစ်လာမည်မဟုတ်ကြောင်းနှင့် ဗမာပြည်နယ်ဖွဲ့စည်းရေးသည် နယ်မြေလွန်စွာကျဥ်း
နေခြင်း၊ တိုင်းဒေသတွေကိုသာ ပြည်ထောင်စုနယ်အဖြစ်သတ်မှတ်နေခြင်း၊ ပြည်နယ်များတွင်လည်း လူမျိုးပေါင်းစုံနေထိုင်နေခြင်းကို ပြည်ထောင်စုနယ်မသတ်မှတ်ထားခြင်း၊ ပြည်
ထောင်စုနယ်များကို KNUကသာ အုပ်ချုပ်လိုခြင်း ဒီအခြေနေတွေဟာ လောဘကြီးလွန်း
သော KNUနှင့် အာဏာရချင်လို့ တော်လှန်
နေသော NUG/PDF လောဘသားများခြင်း အဆင်မပြေ
မှုတွေ ဆက်လက်ဖြစ်နေကြပြီး ၊ စစ်ရေးက
လွဲ၍ ညှိနှိုင်းမရဖြစ်နေပါကြောင်း သိရှိရပါ
သည်။
အိုက်ဖီလုံ
မိုင်းတုံမြို့၊ဟွေအော၊ ၀တောင်ပိုင်း။
Post a Comment