ဘန်ကောက်မြို့ ပစ်ခတ်မှု၌ သေဆုံးခဲ့ရသူ မြန်မာအမျိုးသမီး၏ မိခင်အား ပစ်ခတ်သူ လူငယ်၏ ဖခင်က လာရောက် ရှိခိုးတောင်းပန်


မြန်မာအမျိုးသမီး၏မိခင်အား ပစ်ခတ်သူလူငယ်၏ ဖခင်က အောက်တိုဘာ ၇ ရက်တွင် တည်းခိုရာနေရာသို့ လာရောက်ရှိခိုးကန်တော့ကာ တောင်းပန်မှု ပြုခဲ့ကြောင်းသိရပါတယ်။

သေဆုံးသူမြန်မာအမျိုးသမီး၏ မိခင်ကြီးက မိမိအနေဖြင့်လည်း ဤအဖြစ်မျိုးမကြုံချင်ကြောင်း၊ ကံတရားအတိုင်းဖြစ်ရသည်ဟုသာ မှတ်ယူပါကြောင်း၊ သားသမီးချင်းလည်းစာနာပါကြောင်း၊ မိမိသမီးကလိမ္မာ၍ ဆုံးရှုံးရသော်လည်း ဖြေသိမ့်နိုင်ပါသေးကြောင်း၊ သားသမီးက မလိမ္မာ၍ ဤကဲ့သို့ ပြုမူသွားခဲ့သော ဖခင်တစ်ဦး၏အဖြစ်ကို မိမိအနေဖြင့် နားလည်ကိုယ်ချင်းစာမိပါကြောင်း ပြန်လည်အားပေးစကား​ပြောခဲ့ပါတယ်။

ပစ်ခတ်သူလူငယ်၏ဖခင်က စာအိတ်ထဲတွင် ငွေကြေးထည့်၍ တောင်းပန်သည့်အနေဖြင့်ပေးခဲ့သော်လည်း သေဆုံးသူ မြန်မာအမျိုးသမီး၏ မိခင်ကြီးက မိမိလက်မခံလိုပါကြောင်း၊ သမီးဖြစ်သူကို ထိုအရာများနှင့်မလဲနိုင်ကြောင်း၊ အလွန်လိမ္မာသောသမီးဖြစ်၍ ငွေကြေးနှင့်မလဲနိုင်ကြောင်း၊ ထိုသို့ပေးလျှင် ပို၍ဝမ်းနည်းရပါကြောင်း၊ မယူလိုပါ​​ကြောင်းပြောကြားကာ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

Post a Comment

Previous Post Next Post