မုန်တိုင်းသတင်း


🚨🚨🚨🚨🚨🚨🚨🚨🚨🚨
ဘင်္ဂလားပင်လယ်အော် အ နောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ လာမယ့်အောက်တိုဘာ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ဖြတ်သန်းဝင်ရောက်နိုင်
⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️
အဲဒီမုန်တိုင်းငယ်ဟာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်မှာ ဟိုင်းကြီးကျွန်းရဲ့ အနောက်ဘက် ရေမိုင် (၄၇၅) ခန့်၊ သံတွဲ မြို့ရဲ့  အနောက်တောင်ဘက် ရေမိုင် (၅၀၅) ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၇၅) ခန့်ကို ဗဟိုပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံဘက်မှာ ပါရာဒစ်မြို့ (Paradip)ရဲ့ တောင်ဘက် ရေမိုင် (၂၈၅) ခန့်၊ ဒီဂါမြို့(Digha)ရဲ့ အနောက်တောင်ဘက် ရေမိုင် (၃၇၀) ခန့်နဲ့  ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှာ ခီပူပါရာမြို့ (Khepupara)ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကို ဦးတည်နေတဲ့ အဲဒီမုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက်နိုင်ခြေမှာ (၈၀) ရာနူန်းခန့် သေချာနေတယ်လို့လည်း ဦးလှထွန်းက ခန့်မှန်းပါတယ်။

မုန်တိုင်းငယ်ဟာ အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး ရခိုင် ကမ်းရိုးတန်း ကမ်းနီး၊ ကမ်းဝေးတစ်လျှောက် လှိုင်း၊ လေထန်ခြင်းများကို သတိပြုကြဖို့နဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းဒေသတွေမှာ မုန်တိုင်းရဲ့ နောက်ဆက်တွဲ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ဖြစ်နိုင်တာကြောင့်၊ မုန်တိုင်းသတင်းတွေနဲ့ မိုးလေဝသ သတင်းတွေကို ဂရုပြု နားထောင်ကြရန် လိုအပ်တယ်လို့လည်း အကြံပေးထားပါ
🌊🌊🌊🌊🌊🌊🌊🌊🌊🌊

Post a Comment

Previous Post Next Post