ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကို နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း ရေပြင်မှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်တာတွေ ပါဝင်ဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လေ့ကျင့်ခန်းဧရိယာကနေ ၅ မိုင်ပတ်လည်အတွင်း သင်္ဘောတွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်း သွားလာတာ၊ ကျောက်ချရပ်နားတာတွေ မပြုလုပ်ဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေအနေနဲ့လည်း အဲဒီလေ့ကျင့်ခန်းဧရိယာအတွင်း အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းတာ မပြုလုပ်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
Post a Comment