သူများမြှောက်ပေးတာကို နားယောင်ပြီး
ကိုယ်နဲ့သွေးမတော် သားမစပ်တဲ့သူကို
“အမေ” “အမေ”လို့ ခေါ်ခဲ့တဲ့ သားဆိုးသားမိုက်
တွေကြောင့်မိခင်အရင်းတွေရဲ့ အသက်တွေ
ပေးဆပ်ခဲ့ရပြီ ..
-
အကြမ်းဖက်လို့ ပြစ်ဒဏ်ကျခံနေရတဲ့
သားမိုက်လေးတွေကို အကြော်အလှော်
လေးသွားပေးတဲ့ မိခင်အရင်းတွေကို
အဲဒီသားမိုက်လေးတွေရဲ့ သူငယ်ချင်း
တွေကပဲ လုပ်သွားကြပြီ ..
-
အင်းစိန်ထောင် ဗုံးကွဲတဲ့ဖြစ်စဉ်ကို
ကြည့်မယ်ဆိုရင် သေဆုံး(၈)ဦး၊ ဒဏ်ရာရ (၁၈)ဦး
ရှိခဲ့တယ် ..
-
သေဆုံး (၈)ဦးထဲမှာ
အကစဝန်ထမ်း (၃)ဦးပါဝင်သလို
ထောင်ဝင်စာလာတွေ့တဲ့ ကလေး(၁)ဦး၊ မိခင် (၄)ဦး
ပါတယ် .. သေဆုံးသူတွေကတော့
(၁) ဒေါ်ကြီးမြင့် (၅၀)နှစ်။
အောင်သန့်ဇင် (ခ) လင်းထက်နိုင် (ခ) ဂျိမ်းစ် ၏ မိခင်
(နိုင်ငံတော်ပုန်ကန်မှု ရာ ၅၀၅-က ဖြင့်ထောင်ကျသူ)
(၂) ဒေါ်သိန်းကြွယ် (၅၆)နှစ်။
ဟိန်းမင်းထက် (ခ) ကိုဟိန်း ၏ မိခင်
(နိုင်ငံတော်ပုန်ကန်မှု ရာ ၅၀၅-က ဖြင့်ထောင်ကျသူ)
(Dark Shadow UG)
(၃) ဒေါ်သင်းသင်းချို (၅၄)နှစ်။
ဘုန်းသက်နိုင်ထွန်း ၏ မိခင်
(အကြမ်းဖက်-၄၉(ဃ))
(Air KBZ လေယာဉ်အင်ဂျင်အား အမှိုက်ထဲ့သူ)
(၄) ဒေါ်ခင်ခင်ထွန်း (၅၀)နှစ်။
ရဲစိုးထွန်း (ခ) အေးမောင် (ခ) ရုပ်သေး ၏ မိခင်
(နိုင်ငံတော်ပုန်ကန်မှု ရာ ၅၀၅-က ဖြင့်ထောင်ကျသူ)
(၅) မယွန်းမီမီကျော် (၁၀)နှစ်။
ဦးအောင်သန်းဦး ၏ သမီး
(ရာ-၃၀၂) (ဓားထိုးလူသတ်မှုဖြင့်ထောင်ကျသူ)
-
အဲဒီတော့ တွက်သာကြည့်လိုက်တော့
ကလေးငယ်လေးမှလွဲပြီး ကျန်တဲ့သူ ၄ ဦးက
တော်လှန်ရေးသမားအမည်ခံတွေရဲ့ မိခင်တွေချည်းပါပဲ
-
အေး .. မင်းတို့မိခင်တွေကို
မင်းတို့နဲ့ ဂိုဏ်းတူညီ/အကိုတွေက
ပြန်ပြီး အကြမ်းဖက်သွားပြီကွ
နားကိုက်တဲ့ သားမိုက်ကြီးတို့ ။။။
#KT
Post a Comment