နိုင်ငံတော် တည်ငြိမ်ရေးအတွက်ဖန်တီးပေးရမည့် အလုပ်အကိုင်အခွင့်လမ်းများနှင့် လူငယ်များအနာဂတ်


တလောက စာရေးသူ ဖော်လမြိုင်ရှိ မုရွန် ပန်းကန်စက်ရုံရှေ့ကို ရောက်ခဲ့
သည်။ ဤစက်ရုံကို အချို့က ကြွေ
ထည်ပစ္စည်းစက်ရုံလို့လည်း ခေါ်ကြသည်။ စာရေးသူတို့ ငယ်ငယ်က
မြန်မာပြည်ရှိ စက်ရုံများဟု စာအော်ကျက်ခဲ့ရသည့် စက်ရုံများတွင် ဤစက်ရုံလည်း တစ်ခု အပါအဝင်ဖြစ်သည်။ ယခုတော့ ဤစက်ရုံကို ရပ်နားထားခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စက်ရုံပတ်ဝန်း ကျင်သည် မြင်၍မကောင်းလောက်အောင်ပင် ချုံနယ်ပိတ်ပေါင်း များ၊ ရေညှိများနှင့် ထူပိတ်နေပါသည်။ စက်ရုံဟောင်း၊ စက်ရုံ အိုကြီးသဖွယ် ငြိမ်သက်နေပုံက စိတ်မကောင်းစရာပါ။ ပိုပြီး စိတ်မကောင်းစရာကောင်းသည်က ဤစက်ရုံအမှီပြု၍ လုပ်ကိုင် စားသောက်ရမည့် ဝန်ထမ်းများ မရှိကြခြင်းနှင့် စက်ရုံအလုပ် သမားများကို မှီခိုပြီး ဈေးရောင်းစားကြသည့် ရပ်ကွက်သူ ရပ်ကွက်သားများလည်း မရှိကြတော့ပေ။ တစ်ချိန်ကတော့ ဤစက်ရုံပတ်ဝန်းကျင် မော်လမြိုင် မုပွန်ရပ်ကွက်ကလေးသည် အင်မတန်စည်ကားခဲ့သည်ဟု ဒေသခံများကပြောကြသည်။ ယခုတော့ သူတို့ရပ်ကွက်လေး မစည်တော့သဖြင့် ဒေသခံများ ကလည်း စိတ်မကောင်းဖြစ်ပုံရသည်။ ဒေသခံ တစ်ယောက်က ဆိုလျှင် သူတို့ရပ်ကွက်က မစည်ကားတော့ဘဲ ဟိုဘက်က ရပ်ကွက်သစ် သီရိမြိုင်ရပ်ကွက်လေးကမူ စည်ကားလျက်ရှိ ကြောင်းလည်း ပြောပြရှာသည်။

သာမန်အားဖြင့်တော့ စက်ရုံ ပိတ်ထားရခြင်းသည် မည် သည့် ပြဿနာမှမရှိဟု ထင်ကောင်း ထင်နိုင်သော်လည်း ဤကဲ့သို့ စက်ရုံ အမြောက်အမြား မလည်ပတ်နိုင်ဘဲ ပိတ်ထားရ သည့် စက်ရုံများမြန်မာပြည်၌ များနေခဲ့လျှင် မည်ရွေ့ မည်မျှ သောလူများ အလုပ်အကိုင် ရှားပါးသွားကြကုန်မည်နည်း။ အလုပ်လက်ရုံများ ဘယ်လောက်အထိ ရှိသွားပြီး ဘယ်လောက် အထိ တိုင်းပြည်ဘဏ္ဍာ ထိခိုက်ခဲ့နေသနည်း ဆိုသည်ကမူ တွက်ကြည့်လျှင် သိနိုင်မည် ဖြစ်သည်။ ဤကဲ့သို့ မလည်ပတ် နိုင်ဘဲ ပိတ်ထားရသည့် စက်ရုံများ မြန်မာပြည်တွင် အများကြီး ရှိပါသည်။ စာရေးသူနှင့် နီးစပ်သည့် စက်ရုံအချို့ကိုရေးပြရ လျှင် သံဖြူဇရပ် ခရမ့်ရော်ဘာစက်ရုံ၊ မော်လမြိုင် အရက်ဖြူ ချက်စက်ရုံ၊ မော်လမြိုင် မီးရထားစက်ခေါင်းစက်၊ မုတ္တမ မီးရထား ဇလီဖားတုံးစက်နှင့် စစ်တောင်း စက္ကူစက်တို့သည် စာရေးသူ ပတ်ဝန်းကျင်ရှိ ပိတ်ထားရသည့် စက်ရုံများဖြစ်ပါ သည်။ ဤသည်မှာ မွန်ပြည်နယ်ထဲက စက်ရုံများသာဖြစ်ပေသည်။ တစ်ပြည်လုံး အတိုင်းအတာနှင့်ဆိုလျှင် ထိုထက်ပိုများမည်သာ ဖြစ်ပေသည်။ စက်ရုံအလုပ်ရုံများ ပိတ်ထားခြင်းကြောင့် ပြည်တွင်း၌ အလုပ်အကိုင်များရှားပါးလာသည်။ အလုပ်အကိုင် မရှိသည့်အခါ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြရသည်။ အိမ်နီး ချင်း ထိုင်းနိုင်ငံတွင်လည်း မြန်မာအလုပ်သမားများ သန်း နှင့်ချီ ရှိနေသကဲ့သို့ အခြား မ
လေးရှား၊ စင်ကာပူ၊ တောင်ကိုးရီး
ယား၊ ဂျပန်တို့မှာလည်း မြန်မာအလုပ်သမားများစွာ ရှိနေပေ သည်။

တိုင်းပြည်မှာ အလုပ်အကိုင်ရှားပါးခြင်းနှင့် ရှိသည့် အလုပ်ကလည်း ဝင်ငွေနည်းပါး၍ နိုင်ငံခြားထွက်ကြသူများကို အပြစ်ဆို၍လည်း မရနိုင်ပါ။ သို့သော် တိုင်းပြည် နစ်နာသည်က တော့ အမှန်ပင်ဖြစ်သည်။ လူငယ်လူရွယ်များ ပြည်ပမှာ အလုပ်ထွက် လုပ်ကြသဖြင့် တိုင်းပြည်လုပ်အား နစ်နာ၍ ကုန်ထုတ်လုပ်မှု ကျဆင်းရပါသည်။ ခေတ်အဆက်ဆက်တွင် လူငယ်များသည် အလုပ်အကိုင်မရှိ၍ ပြည်ပမှာ အလုပ်ရှာကြရ သည်မှာ မြန်မာ ပြည်၏ ပရိုကျကျငွေရှာရသည့် ပထမတန်းစား နည်းလမ်း တစ်ခုလို ဖြစ်လာနေပါသည်။ ဤနေရာတွင် ပညာတက်၍ ပညာရှင်များအနေဖြင့် နိုင်ငံခြား၌ ငွေသွား ရှာကြရသည်မှာ အပြစ်မပြောလိုချေ။ ၄င်းတို့ပေးပို့လိုက် သည့် လုပ်အားခ ငွေကြေးတွေကို အခွန်ကောက်ခံနိုင်သဖြင့် နိုင်ငံ့ ဘဏ္ဍာကို ရရှိမည် ဖြစ်သည်။ သို့သော် ယခုအခါ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန် ကဲ့သို့ နိုင်ငံများတွင် အလုပ်သွား လုပ်ကြရသူများသည် အောက်ခြေသိမ်းအခြေခံ အလုပ်သမားများ ဖြစ်၍ စိတ်မကောင်း ဖြစ်ရသလို တိုင်းပြည်လည်း ဂုဏ်သိက္ခာ ထိခိုက်ရပါသည်။ သို့သော် အဆင်မပြေ၍ ပြည်ပထွက် ငွေရှာ ကြရသူများသည် သူတို့အပြစ်ဟု မဆိုထိုက်ချေ။ တိုင်းပြည် ဆင်းရဲ ခြင်းကြောင့် ၄င်းတို့ဝမ်းစာကို ၄င်းတို့ ရှားစားနေကြသူ များ ဖြစ်သောကြောင့် ဖြစ်ပါသည်။

သို့သော် နိုင်ငံခြား မထွက်ဘဲ ဒုတိယနည်းလမ်းဖြင့် ခေတ်အဆက်ဆက်မှာ ငွေရှာခဲ့၊ ငွေရှာလျက်ရှိသည့် အုပ်စုများ ကိုမူ လွန်စွာစိတ်ပျက်မိသည်။ ယနေ့အခါ နိုင်ငံရေး အကြောင်း ပြပြီး ထိုကဲ့သို့ ငွေရှာနေကြသည့် လူအုပ်စုများကို တိုင်းပြည် အနှံ့ တွေ့လာရသည်မှာ လွန်စွာ ဝမ်းနည်းစရာ ကောင်းပါ သည်။

ဤနည်းလမ်းက ““ဒီမိုကရေစီ ရဖို့ကွ၊ ဖက်ဒရယ်ကွ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကွ၊ စစ်အာဏာရှင်စနစ် တော်လှန်ရမယ်ကွ တို့၊ ဗမာလူမျိုးကြီဝါဒ အမြစ်ဖြုတ်ဖို့ ကွ” ဆိုပြီး လက်နက် ကိုင်ပြီ တောင်းရမ်းခြင်း၊ မပေးလျှင် ရန်ရှာခြင်း၊ ပုံစံမျိုးစုံ ဖြင့် အလှူခံကြခြင်းကလည်း ယခုအခါ အလုပ်
အကိုင်အခွင့် အလမ်းတစ်ခုကဲ့သို့ ဖြစ်လာနေပါသည်။ ယခုဆိုလျှင် RCSSခေါင်းဆောင် ဦးရွက်ဆစ် ကြိုတင်ခန့်မှန်းခဲ့သလို PDF များက ခိုး၊ ဆိုး၊လု၊ နှိုက်အကြမ်းဖက်သမား
များနှင့် လူသတ်သမားများ ဖြစ်လာနေပေသည်။

စစ်ကိုင်းတိုင်းထဲက PDF များ အားလုံးက စစ်ကိုင်းနယ်မြေကို ၄င်းတို့၏ အကျိုး စီးပွားရှာရာ နွေဦးမြေအဖြစ် သတ်မှတ်လာကြကုန်ပြီ ဖြစ်သည်။ စစ်ကိုင်း-ရွှေဘို လမ်းကြောင်းဆိုလျှင် ရွာအလိုက် တစ်ရွာ ကို PDF တစ်ဖွဲ့နှုန်းနှင့် နေ့တိုင်းဆိုသလို ကားသမားများ နှင့် ခရီးသည်များဆီက သေနတ်ပြ၍ ပိုက်ဆံတောင်းနေကြသည် ၁ဝ ဖွဲ့လောက်ရှိသည် ဟု ဒေသခံများထံမှ သိရှိရပါသည်။

သေနတ်ပြ၍ ပိုက်ဆံတောင်းသည့် အလုပ်သည် တစ်နေကုန်ရွှံ့များ နွဲ့များ လူးပြီး ပင်ပင်ပန်းပန်းနှင့် အလုပ်လုပ် ရသည့် အလုပ် ထက် ထမင်းနပ်မှန်သည်ဟု အယူအဆမှားများ လွှမ်းမိုးသွား မည်ဆိုလျှင် တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာပင်။ ယခုအခါ သေနတ်ကိုင်ရသည့် အရသာကို သိသွားကြသည့် ဒေသများသည် ပျက်စီးခြင်းများနှင့် ရင်ဆိုင်နေရပြီဖြစ် သည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် ငွေရှာနေကြသည့် အုပ်စု ကြောင့် ဤတိုင်းပြည်လည်း မွဲရဦးမလို ဖြစ်နေပါသည် ။ ပျက်စီးပေးရမလို ဖြစ်ပါသည်။

လုပ်အားကောင်းသည့် လူငယ်များနှင့် ပညာရှင်များ နိုင်ငံခြားရောက်ကုန်ကြသည်။ လုပ်အားကောင်းသည့် လူငယ် များက အလုပ်မလုပ်ဘဲ ခိုး၊ ဆိုး၊ နှိုက်၊ သူပုန် PDF များလုပ်ပြီး တောင်းရမ်း စားသောက်နေကြပေသည်။ အရွယ် ကောင်းများက လက်နက်ကိုင်ပြီး ရန်ရှာကြ၍ လုပ်အားနစ်နာ ရသည်။ တိုင်းပြည်လည်း စစ်ကြောင့် ထိခိုက်ဆုံးရှုံးရသည်။ ပြည်သူကမူ ဒုက္ခပင်လယ်ဝေကြရ၍ တိုင်းပြည်လည်း နွံနစ်သထက် နစ်ကာ ကျွန်မဖြစ်ရုံတစ်မယ်ပဲ ကျန်ပါတော့သည်။ ထို့ကြောင့် ပြောချင်သည်မှာ ပြည်သူများနှင့် လူငယ်များကို အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးရန်လိုသလို ပြည်သူများ နှင့် လူငယ်များကလည်း ထစ်ခနဲ့ဆို လက်နက်ကိုင်ပြီး တောင်း ရမ်းကြမည်။ သောင်းကျန်းမည်ဆိုသည့် အကျင့်စရိုက်နှင့် လူရမ်း ကားစိတ်ဓာတ်များ ပြင်ရန်လိုပါသည်။
မပြင်နိုင်လျှင်မူ မွဲသည်ထက် မွဲနေ
ဦးမည်ကို နားလည်ရမည် ဖြစ်သည်။

တစ်ဖက်ကလည်း တာဝန်ရှိသူများအနေဖြင့် လူငယ်များ ပြည်ပထွက် အလုပ်လုပ်ကိုင်မှုကို ထိန်းချုပ်ရန်နှင့် လူငယ် များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်နိုင်ရန်အတွက် နည်းလမ်း ရှာ၍ စီမံဖန်တီးပေးရမည် ဖြစ်ပါသည်။

ထိုသို့ နည်းလမ်းရှာ ဖန်တီးပေးသည့်နေရာမှာ အကောင်း ဆုံးနည်းလမ်းမှာ နိုင်ငံ့စီးပွားရေးလုပ်ငန်း အများအပြားကို ပွင့်လန်းလာအောင်၊ ဦးမော့လာအောင် လုပ်ရပါမည်။
ပိတ်ထားသည့် စက်ရုံ အလုပ်ရုံများ ပြန်ဖွင့်နိုင်အောင် စီမံသင့်ပါသည်။ နောက်ထပ် စက်ရုံ အလုပ်ရုံသစ်များ ထပ်မံဖွင့်လှစ်နိုင်အောင် စီမံသင့်ပါမည်။ ထိုင်းနိုင်ငံက လူငယ်များ နိုင်ငံရေး စိတ်ဝင် စားသူ နည်းပါးရခြင်းက အလုပ်အကိုင်အခွင့် အလမ်းများ ပေါများပြီး စီးပွားရေး ကောင်း၍ ဖြစ်ပါသည်။ လီကွမ်ယု ပြောခဲ့သလို ပြည်သူများ ဝမ်းဝနေလျှင် မည်သည့်စနစ် ဖြင့် အုပ်ချုပ်ပါစေ အုပ်၍ရသည်ဟု ဆိုထားခြင်းမှာ ပြည်သူများ စီးပွားကောင်းရန် ဝမ်းဝရန် လိုပါသည်။ တရုတ်ခေါင်းဆောင် တိန်းရှောင်ဖိန်က လူတွေဟာ ကြွယ်ဝ ချမ်းသားလာသည်နှင့်အမျှနိုင်ငံရေးနှင့် ဝေးဝေးနေသွားကြသည်ဆိုသည်မှာလည်း တိုင်း ပြည်စီးပွားရေး ကောင်းလျှင် နိုင်ငံရေး တည်ငြိမ်မည် ဖြစ် ကြောင်း ပြောခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေး တည် ငြိမ်ရေးအတွက် စီးပွားရေးကို အလေးပေးပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။

                      အောင်နိုင်သူ(ဇွဲကပင်)

Admin(တောင်ပေါ်သား)

Post a Comment

Previous Post Next Post