မြန်မာရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းကနေ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတိုထွက်သွားပေမယ့် ထိုင်းစွမ်းအင်ကုမ္ပဏီက သက်တမ်းတိုးချဲ့လုပ်ကိုင်ဖို စီစဉ်နေ


မြန်မာနိုင်ငံမှာ အမေရိကန်ဦးဆောင်တဲ့ အ‌နောက်အုပ်စုနိုင်ငံ တွေရဲ့ဖိအားတွေကြောင့် အမေရိကန်အခြေစိုက် Chevron ကုမ္ပဏီ၊ ပြင်သစ်စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Total Energies တို့ဟာ မြန်မာရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေမှုတွေကို ပြန်ရုတ်သိမ်းခဲ့ပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ PTTEP ကတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင် နေမှုတွေကို ဆက်လက်ထိန်းသိမ်းထားပြီး၊ မြန်မာနိုင်ငံမှာ ၎င်းတို့ ပါဝင်လုပ်ကိုင်နေတဲ့ ဓါတ်ငွေ့လုပ်ကွက်နှစ်ခု အတွက် စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေကြောင်း PTTEP ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Montri Rawanchaikul က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ PTTEP ရဲ့ ဓါတ်ငွေ့လုပ်ကွက်နှစ်ခုအနက် တစ်ခုက ၂ဝ၂၈ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်သလို အခြားတစ်ခုက နောက်နှစ်ပေါင်း ၂ဝ မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ရာ အဲဒီ ဓါတ်ငွေ့ထုတ်လုပ် ရေးလုပ်ကွက်နှစ်ခုကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post