ကျားသေကိုပြန်အသက်မသွင်းရေး


NLDအာဏာရငါးနှစ်မှာစွမ်းစွမ်းတမံဆောင်ရွက်သွားတာ အမေရိကန်အနောက်အုပ်စုနဲ့အိုအိုင်စီအလိုကျ ဘင်္ဂါလီများနိုင်ငံသားပေးရေးကိစ္စသာ ဖြစ်ပါတယ်။အာဏာလက်မဲ့ဖြစ်သွားတဲ့NLDကပေါက် ဖွားလာတဲ့NUGကလည်း ဘင်္ဂါလီတွေကိုနိုင်ငံသားပေးမယ်လို့ ကတိပြုထားပါတယ်။

ဘင်္ဂါလီတွေနိုင်ငံသားရသွားတာနဲ့ အေးချမ်းသွားမှာမဟုတ်ဘဲ အဲဒီအချိန်ကစလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်း၊သီးခြားပြည်နယ်တောင်း၊ခွဲထွက်ခွင့်တောင်းနဲ့ ဇတ်လမ်းတွေအများကြီးထပ်ရှုပ်လာမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးအရမြန်မာပြည်မှာနေထိုင်ခဲ့ဖူးသူတွေကို ပြန်စိစစ်လက်ခံမယ်၊နိုင်ငံသားဖြစ်မဖြစ်ဟာ နိုင်ငံသားဖြစ်မှုဥပဒေအရ ဖြစ်ရမယ်ဆိုတာအချုပ် အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့တရားမျှတတဲ့ဆုံးဖြတ် ချက်ဖြစ်ပါတယ်။

ဒါကိုလက်မခံဘူး၊နိုင်ငံသားပေးမှပြန်လာမယ်ဆိုတာက ကိုလိုနီနိုင်ငံတစ်ခုလိုသဘောထား အကျပ်ကိုင်ခြိမ်းခြောက်တာဖြစ်လို့ ဘယ်လိုမှလက်ခံလို့မရတဲ့ကိစ္စဖြစ်ပါတယ်။

အခုကုလသမဂ္ဂညီလာခံမှာ ဘင်္ဂါလီအရေးပြောကြားချက်များ၊NUG ဝန်ကြီးဆိုသူများနယူးယော့မှာ ဘင်္ဂါလီအရေးအားပေးတဲ့နိုင်ငံများနဲ့တွေ့ဆုံမှုများက ပုဆိန်ရိုးအဖြစ် အသုံးချခံဖို့အသင့်ရှိနေကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။

NLDပါတီ၃၅နှစ်မြောက်နှစ်ပတ်လည်နေ့ ဆိုပြီးOn Lineပေါ်မှာ တက်ရောက် ချီးမြှင့်ကြတာကလည်း NLD ပါတီဝင် CRPH,NUG ခေါင်းဆောင်တွေဖြစ်တဲ့အတွက်NLD,CRPH,
NUGဟာ အတူတူပဲဖြစ်ပါတယ်။

ပြည်သူဆိုတဲ့စကားလုံးကိုအကြိမ်ကြိမ်အထပ်ထပ်ပြောပြီး NLD ဆန္ဒ(ပြည်ပဆန္ဒ)ကို ပြည်သူ့ဆန္ဒလုပ်နေတဲ့ ပါတီ၊ဘင်္ဂါလီတွေနိုင်ငံသားဖြစ်ရေးသာလက်တွေ့လုပ်နေတဲ့ပါတီ၊ထောက်ခံရင်ပြည်သူ မထောက်ခံရင်ရန်သူလုပ်နေတဲ့ပါတီ၊ပြည်သူရှိသရွေ့ပါတီရှိနေမယ်ဆိုပြီး ပါတီရှိနေသရွေ့ပြည်သူကို ဒုက္ခပေးနေမယ့်ပါတီဟာ သူ့စရိတ်နဲ့သူမြေအောက်ဆင်းသွားပြီဖြစ်လို့ မြေပေါ်ပြန်ဆွဲမတင်ရေး၊နှစ်ထပ် ရှိမှမှတ်မိမယ်ဆိုတဲ့စကားလို ကျားသေကိုဒုတိယအကြိမ် ပြန်အသက်မသွင်း ပေးမိဖို့တော့ လိုပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post