ယခုရှမ်းမြောက်မှာ ဖြစ်နေတာက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပါတယ်
-
တိုက်ဆိုင်တာလား? ဗိုလ်ချုပ်မှူးကြီးက us ဟာ တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့အတွက် မြန်မာနိုင်ငံကို Proxy War အနေနဲ့ အသုံးချနေတယ် လို့ နှုတ်ကကို ထုတ်ဖော်ပြောသွားတယ်။ ယခင်တုန်းက နိုင်ငံအမည်ကို ထည့်ပြောလေ့ မရှိပေမယ့် အခု ဒဲ့ပြောချလိုက်ပါတယ်။ ဒါက တစ်ချက်။
-
NCA ၈ နှစ်မြောက်ပွဲကို တရုတ်ကိုယ်စားလှယ်လာပြီး စကားပြောသွားတယ်။ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို အလေးထားပါတယ် ဆိုတဲ့အကြောင်း။
-
ပြီးတော့ တရုတ်က သူမွေးထားတဲ့ EAOs တွေနဲ့ နယ်စပ်မှာ တွေ့ဆုံသွားတယ်။
-
ယခု နစကအစိုးရနဲ့ ရုရှားအစိုးရတို့ဟာ အကောင်းဆုံးဆက်ဆံရေးအခြေအနေလို့ ပြောလို့ရပြီး လျှပ်စစ်အတွက် Nu Reactor ပါ တည်ဆောက်တော့မယ့် အခြေအနေ။
-
ဟော သိပ်မကြာဘူး .. ရှမ်းမြောက်ဒေသ တိုက်ပွဲသံတွေ ထွက်လာတယ်။
ချင်းရွှေဟော်မြို့ဆိုတာ တရုတ်နယ်စပ်မှာရှိတယ်၊ ခြံစည်းရိုးလေးပဲခြားတာပါ။ စစ်တပ်ဂိတ် ၁ ခုနဲ့ ဒေသရဲတွေ၊ ဝန်ထမ်းတွေပဲရှိတဲ့ အဲလို စီးပွားရေးဇုံမြို့လေးကို မြောက်သုံးကောင်က ဝင်တိုက်ဟာ တရုတ်က မသိဘဲနေမလား? ငါမျက်စိမှိတ်နေမယ်ဆိုပြီး မီးစိမ်းပြလိုက်တာလား? တရုတ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီအကြမ်းဖက်တွေ မလုပ်ရဲပါဘူး။ သူမွေးထားတဲ့ တပည့်တွေလေ။
-
ဘာကြောင့်လဲ?
နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် us က တရုတ်ကို ထိန်းဖို့အတွက် မြန်မာကို အသုံးချနေတယ်လို့ ပြောတာတောင် တရုတ်က ဘာလို့ မြန်မာအပေါ် မကောင်းရတာလဲ? မြန်မာကို ငါထိန်းချုပ်လို့ရတယ်ဆိုတာကို us ကို ပြချင်တာလား? နောက်တစ်ခုက ရုရှားနဲ့ အရမ်းရင်းနှီးနေလို့ မကျေနပ်တာလား? မြန်မာမှာ နူဓာတ်ပေါင်းဖိုတွေ ဖြစ်လာမှာကို စိုးရိမ်တာလား? သို့လော .. သို့လောပေါ့ ။
-
အဲ့လို မီးစတစ်ဖက် ရေမုတ်တစ်ဖက်လုပ်နေရင်တော့ သူရင်းနှီးမြှပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်းတွေ၊ ဂက်စ်ပိုက်လိုင်းတွေ အလားအလာမကောင်းတဲ့အပြင် BRI လည်း အောင်မြင်လာမှာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံက ပုရွတ်ဆိတ်လောက်ဖြစ်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ပြန်လုပ်နိုင်စွမ်းရှိတယ်ဆိုတာတော့ သိဖို့လိုပါတယ်။
#KT
Post a Comment