အရေးပေါ်အသုံးပြုရမည့်နည်းဗျူဟာများ


၁။ရှမ်းမြောက်မှာဖြစ်နေတဲ့တိုက်ပွဲတွေမှာတပ်မတော်ရဲ့အဆင့်မြင့် Droneတွေအသုံးပြုသင့်နေပါပီ။မိမိတို့တပ်မတော်သားတွေစစ်ဆင်မည့်နေရာတွေမှာရန်သူရှိ/မရှိ Droneနဲ့ ထောက်လှန်း​ြပီးမှစစ်ဆင်ရေးစတင်ရမယ်။လိုအပ်ရင်Droneနဲ့ကြဲချသင့်တယ်။ဒါမှသာမိမိတပ်မတော်သားတွေအထိအခိုက်နည်းမည်။
၂။ရန်သူက ၄င်းတို့ဌာနချုပ်နှင့်KIA ဌာနချုပ်များစိုးရိမ်ရလို့ရှမ်းမြောက်မှာစစ်မျက်နှာဖွင့်နေတာ။အဓိကရည်မှန်းချက်က၄င်းတို့ဌာနချုပ်များ စစ်ရေးပြေလျော့စေဖို့ရှမ်းမြောက်မှာတိုက်ကွက်ဖော်ခြင်းဖြစ်တယ်။ဒါ့ကြောင့်တပ်မတော်အနေနဲ့ တန်ပြန်ထိုးစစ်ဆင်ဖို့လိုတယ်ရန်သူက သူတို့ဌာနချုပ်ဖက် အာရုံစိုက်မှု အားနည်းအောင်လုပ်နေလို့မိမိတို့ဖက်မှသူတို့ဌာနချုပ်ဖက်ဖိအားပေးတိုက်ခိုက်ဖို့လိုတယ်။ခလုတ်နိှပ်နေရပါမယ်။အဓိကပြောချင်တာက သူတို့ရဲ့မူအတိုင်း တန်ပြန်လုပ်ဖို့လိုနေတယ်။
၃။မိမိတို့တပ်မတော်ရဲ့စစ်သည်ကျဆုံးရတိုင်းတန်ပြန်သွေးကြွေးဆပ်ဖို့လိုတယ်။ဒါ့ကြောင့်ကျည်ကာကား၊တင့်များ၊လက်နက်ကြီး၊လက်နယ်ငယ်ဒဏ်ခံနိုင်တဲ့ယာဉ်များအသုံးပြုသင့်တယ်။
၄။မိမိတို့ဘက်မှစစ်သည်အင်အားချွေတာသင့်သလို၊လိုအပ်တဲ့လက်နက်ကြီးများနဲ့တိုက်ခိုက်သင့်ပါတယ်။မိမိတို့ဘက်မှာကျည်ကာကား၊တင့်ကား၊Droneဂျမ်ဘာ၊Droneကားများအသုံးပြုသင့်နေပီလို့သတိပေးပါရစေ။
၅။မြို့တွင်းစစ်ဆင်ရေးလုပ်မယ်ဆို ကျည်ကာကားအများစုနဲ့အလျင်အမြန်ရှင်းလင်းသင့်တယ်လို့မြင်ပါတယ်။

အဓိကကျဆုံးအချက်ကတော့...
လက်တွေ့တိုက်ပွဲဝင်နေတဲ့စစ်သည်တွေရဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ပါ။လက်တွေ့စစ်ဆင်ရေးဝင်နေတဲ့စစ်သည်တွေရဲ့စကားကိုအထက်လူကြီးများနားထောင်ပီးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးသည်အဓိကပါ။

နေပြည်တော်

Post a Comment

Previous Post Next Post