ကိုလိုရာကရေစီ ကျင့်သုံးကြသူများ


အစ္စရေးရဲ့ တန်ပြန်စစ်ပွဲကြောင့် ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းအာရပ်တွေ သိန်းချီပြေးနေရတယ်။ အဲဒီလို ပြေးနေရတဲ့အထဲမှာ UN တောင်ပါသေးတယ်။  အစ္စရေးလုပ်ရပ်ကလည်း ရှင်းတယ်။ ရန်သူရှိနေရင် ဆေးရုံတောင် ပစ်မှတ်စာရင်းထဲ ထည့်ထားတယ်။ တလောကလေးတင် ဆေးရုံကို ပစ်ချလိုက်လို လူပေါင်း ၅၀၀ သေဆုံးကုန်တယ်။ ဆေးရုံဆိုတာ အရပ်ဘက်ပစ်မှတ်ဖြစ်ပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်က အစ္စရေး လုပ်ရပ်က မှန်တယ်လို ထောက်ခံပေးနေတုန်းပဲ။


ဒီဖြစ်စဉ်နဲ့ နှိင်းရင် ရခိုင်မှာ ဖြစ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ ဘာမှ မပြောသာလှဘူး။ အစ္စရေးအနေနဲ့ သူနိုင်ငံကို လာတိုက်ခိုက်လို တုန့်ပြန်ရပါတယ်ဆိုရင် ခုလို လူပေါင်း ထောင်နဲ့ချီသေပြီး သိန်းချီပြေးနေရတာကရော လူ့အခွင့်အရေး ထိခိုက်တာပဲ  မဟုတ်ဘူးလား။

အာရပ်နိုင်ငံတွေနဲ့ တွေ့ဖိုသွားနေတဲ့ ဘိုင်ဒင်က ဒီဖြစ်စဉ်ဟာ ဟားမတ်စ်တို က မှားတာလို ဆိုတယ်။ အစ္စရေးကို မကျူးကျော်သင့်ဘူး။ ရန်မစ သင့်ဘူးတဲ့။ ဒါဆို မေးစရာရှိလာတာ ရခိုင်ဖြစ်စဉ်တုန်းကရော ARSA က စပြီး ကျူးကျော်တိုက်ခိုက်လာတာ မဟုတ်ဘူးလား။ ရခိုင်မှာနေတဲ့ ဘင်္ဂလီတွေပြေးတဲ့စာရင်းက ခု ဂါဇာနဲ့ ယှဉ်ရင် မပြောပလောက်ဘူး။ ဒါပေမယ့် အစ္စရေးကိုတော့ လူမျိုးတုန်း သတ်ဖြတ်ပါတယ်လို ဘယ်နိုင်ငံတကာ မီဒီယာကမှ ခေါင်းစဉ်မတပ်ဘူး။ ဘယ်နိုင်ငံကမှလည်း အတင်းကာရော ဖိအားမပေးကြဘူး။ နောက်ကွယ်မှာ အမေရိကန်ပါတယ်ဆိုတဲ့ အသိနဲ့တင် ဘယ်နိုင်ငံမှ မှတ်ချက်မပေးရဲကြဘူး။ စစ်ပွဲ ရပ်သင့်တယ်ဆိုတာလောက်ပဲ အသံကောင်း ဟစ်နေကြတာ တွေ့မိတယ်။

ကဲ ပြော။ ခု အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ  ဒီမိုကရေစီနဲ့ လိုက်လျော ညီထွေ ဖြစ်တဲ့ လုပ်ရပ် ဘာရှိလဲ။ လူပေါင်းသိန်းချီ စစ်ရှောင်ထွက်ပြေးရတာက လူမျိုးတုန်း သတ်ဖြတ်တာနဲ့ ခေါင်းစဉ်မတူဘူးလား။ တကယ်တော့ အမေရိကန်ကအစပြုလို မြန်မာနိုင်ငံက နီပေါတသိုက်က လည်း "ကိုလိုကရေစီ" ကိုပဲ ကျင့်သုံးကြတာ။ ငါလုပ်ရင်တော့ မှန်တယ်။ မင်းတို လုပ်ရင်တော့ မှားတယ်ဆိုတဲ့ သောက်ချိုးမျိုး။


(နရီမိုး)

Post a Comment

Previous Post Next Post