လူမျိုးကောင်းစားရေးဆိုပြီးသာ ခေါင်းစဉ်တပ်ထားတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို မှ ချင်းရွေဟော်သို ဆက်သွယ်ထားသည့် နမ့်တိန်ချောင်းတံတားကို MNDAA အဖွဲ့က မိုင်းခွဲ ဖျက်ဆီးလိုက်ကြပါတယ်။ ဒီလို မိုင်းခွဲဖျက်ဆီးလိုက်တဲ့ အတွက် ဒေသခံတွေရဲ့ အခြေခံသွားလာလှုပ်ရှားမှု၊ ကုန်စည်စီးဆင်းမှု၊ ကျန်းမာရေး ကိစ္စရပ်များအတွက် များစွာ ထိခိုက်နစ်နာကြရပါတယ်။ ကိုယ်တိုင်က နိုင်ငံတော်အတွက် တံတားတစ်စင်း၊ လမ်းတစ်ခုကိုတောင် မဖောက်ပေးဘူးပဲနဲ့ လွယ်လွယ်ဖျက်ဆီးနေကြတာဟာ အတော်လေးရွံ့ဖို့ကောင်းပါတယ်။ လူမျိုးကောင်းစားရေးဆိုပြီးသာ ခေါင်းစဉ်တပ်ထားတယ် လုပ်လိုက်တဲ့ လုပ်ရပ်တွေက ကိုယ့်လူမျိုး ဒုက္ခရောက်မယ့် လုပ်ရပ်တွေချည်းပါပဲလား...
#DGF21News

Post a Comment

Previous Post Next Post