ထပ်ပြီး သည်းခံဖို့ ထိုက်တန်ရဲ့လား


◾️ငြိမ်းချမ်းရေးလုပ်နေတဲ့ အချိန်မှာ ဖြစ်ဖြစ်၊ အပစ်အခတ်ရပ်စဲထားချိန်မှာဖြစ်ဖြစ် စစ်တိုက်လို့ အကောင်းဆုံး ဆိုတဲ့ အချိန်ရှိတယ်။ ဒါက ကိုယ့်ကို ရန်မူ ကျူးကျော်လာတဲ့အချိန်ပဲ။ ရင်ဆိုင် လမ်းကြောင်းထိန်း စခန်းအဖြစ်နဲ့ ရှိနေတဲ့ စခန်းတွေဆို ပိုလို့တောင် အကြောင်းပြလို့ကောင်းတယ်။

◾️တပ်ကအပစ်အခတ် ရပ်စဲထားတယ်ဆိုတာ စစ်ပွဲတစ်ခုကို  ကိုယ်ကအရင်  စ မတိုက်ဘူးလို့သာ  ဆိုလိုတာဖြစ်တယ်။ ကိုယ့်ကိုလာတိုက်ရင် ပြန်မတိုက်ဘူးလို့တော့အဓိပ္ပာယ်မသတ်မှတ်စေချင်ဘူး။ ဆိုတော့ ထုတ်ပြန်ချက်ကိုကြည့်ရင် လဲလုံနဲ့ နမ့်ကွတ်က ရန်သူ့လက်အောက် ရောက်သွားတယ်လို့ပဲ အကြမ်းဖျဉ်း ယူဆရမှာပဲ။

◾️ဦးသိန်းစိန်ဟာ အရပ်သားအစိုးရတပိုင်းမို့ ဆိုတဲ့ အကြောင်းပြချက်နဲ့  NCA ထဲကို KIA မပါခဲ့ဘူး။ ဒါက  လက်ခံပေးလို့ရသေးတယ်။ ဒါပေမယ့် ပြည်သူ့အစိုးရလို့ကြွေးကြော်တဲ့ NLD လက်ထက်မှာလည်း ငြိမ်းချမ်းရေး ပရောဆက်ထဲကို KIA ရောက်မလာခဲ့ဘူး။ ဒီကြားထဲ AA ကို မွေးပေးလိုက်တယ်။ လက်ရှိ စစ်ကိုင်းကိုလည်း ကိုယ့်အရိုးနဲ့ ကိုယ်ပြန်ထိုးနေလိုက်တယ်။

◾️NCA ၈ နှစ်ပြည့်မှာ NCA ကျန်‌နေတဲ့ အဖွဲ့တွေကို အမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့ အစိုးရက စကားလမ်းကြောင်းပေးထားတယ်။ တိုက်တိုက်ဆိုင်ဆိုင် တပါတ်မပြည့်သေးချိန်မှာပဲ စခန်းကြီး ၂ ခုကို ဝင်တိုက်ခံရပြီး အသိမ်းခံလိုက်ရတယ်။ စစ်သည်တွေလည်း အဖမ်းခံလိုက်ရတာ တွေ့လိုက်ရတယ်။

◾️KIA ဟာ ကချင်လူထုကို ကိုယ်စားမပြုပါဘူး။ တပ်အနေနဲ့  အကြိမ်ကြိမ်လည်း သည်းခံ ပေး ခဲ့ပြီးပါပြီ။ ငြိမ်းချမ်းရေး အတွက်ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့  လိုင်ဇာ မသိမ်းဘဲ လည်း နောက်ပြန်ဆုတ်ခဲ့ပေးဖူးပါပြီ။ ကိုဗစ်ကာလမှာလည်း KIA ကို ကာကွယ်ဆေးတွေ ပို့ခဲ့ပေးပြီပါပြီ။ မဟုတ်ရင်......ဒီထက်ပိုပြီး ရောင့်တက်လာဖို့ပဲ ရှိပါတော့တယ်။

(နရီမိုး)

Post a Comment

Previous Post Next Post