ပါလက်စတိုင်းဒေသရှိ ဟားမတ်စ်များကို လက်တုန့်ပြန်
တိုက်ခိုက်ရာတွင် ပါလက်စတိုင်းဒေသတွင် နေထိုင်ကြ
သည့် ပါလက်စတိုင်း ပြည်သူများ သေကြေပျက်စီးခြင်း၊
ဆင်းရဲ ဒုက္ခကြုံတွေ့နေရခြင်းများနှင့် ပတ်သက်၍ -
" ဟားမတ်စ် အဖွဲ့ကို အစ္စရေးက လက်တုန့်ပြန်တိုက်ခိုက်
ခြင်းကို အပြစ်တင်ရန်မရှိသော်လည်း ပါလက်စတိုင်း
ဒေသ Gaza Strip နှင့် West Bank တို့တွင် နေထိုင်လျှက်
ရှိသော ပါလက်စတိုင်း အရပ်သားများသည် ဟားမတ်စ်
တပ်ဖွဲ့ဝင်များ မဟုတ် " ဟု EU အဖွဲ့အတွင်းရေးမှူးက ပြောကြားခဲ့ကြောင်း သိရပါတယ် ။
" အရပ်ဖက်ပစ်မှတ်တွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှု
တွေအပေါ် ဘယ်လိုဖြေရှင်းချင်ပါလဲ " ဟု သတင်းသမား
တစ်ဦးက မေးတဲ့ အခါ
" အရပ်ဖက်ပစ်မှတ်ကို ကျွန်တော်တို့ မတိုက်ပါဘူး၊
ဒါပေမဲ့
အရပ်ဖက်ကနေ ပစ်ခတ်ရင်တော့ စစ်ဖက်ပစ်မှတ်အဖြစ်
ပြောင်းလဲသွားပြီလို့ ကျွန်တော်တို့ ခံယူပါတယ် " လို့
အစ္စရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့ကြောင်း
သိရပါတယ် ။
" ဟားမတ်စ် အကြမ်းဖက်သမားတွေရှိနေမယ်ဆိုရင်
အရပ်သားအိမ်တွေဟာ တရားဝင်တိုက်ခိုက်ခံရမယ့်
သတ်မှတ်နယ်မြေ ဖြစ်ပါမယ် " အစ္စရေးက ကြေညာခဲ့
ပါတယ် ။
ဟုတ်ပါပြီ။
လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
KNU ၊ KNPP ၊ CNF ၊ KIA ၊ PDF တို့ဟာ တပ်မတော်နဲ့
တိုက်ပွဲများဖြစ်ပွားနေကြပါတယ်။
အရင်က သူတို့ဟာ စခန်းအခိုင်အမာဆောက်ပြီး နေ
ထိုင်ကြပါတယ်။
စစ်ကြောင်းတွေက လေကြောင်းအကူယူပြီး သူတို့စခန်းတွေကိုဝင်တိုက်ပါတယ်။
အခုနောက်ပိုင်းမှာ လေကြောင်းအကူနဲ့ တိုက်တာကို
မခံနိုင်တော့ သူတို့ရဲ့ ဗျူဟာပြောင်းသွားပါတယ်။
အဲ့ဒီဗျူဟာက
သူတို့ရဲ့အမာခံကျေးရွာအတွင်းက စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေထဲမှာ စခန်းချနေထိုင်ကြပြီး
အဲဒီကနေအင်အားနည်းတဲ့ ရဲစခန်းနဲ့ တပ်မတော် စစ်စခန်းတွေကိုအလုံးအရင်းနဲ့ဝင်တိုက်တယ်။
တပ်မတော်က အင်အားအလုံးအရင်းနဲ့ ပြန်တိုက်ရင်
ထွက်ပြေးတယ်။
တပ်မတော် စစ်ကြောင်းတွေ ဝင်လာရင်သူတို့ စခန်းချတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေကနေစစ်ကြောင်း
ကို မိုင်းဆွဲမယ် ၊ ချောင်းပစ်မယ် ၊ ဒရုန်းနဲ့တိုက်တယ်။
စစ်ကြောင်းက ပြန်တိုက်ရင် အမာခံကျေးရွာက အမာခံ
ရွာသူ / ရွာသားတွေ နဲ့အတူ EAOs နဲ့ PDF တွေဟာ ရွာကို
မီးရှိုပြီး ထွက်ပြေးကြတယ်။
ပြီးတာနဲ့
ခေတ်သစ်မီဒီယာလို ဒေါ်လာစားမီဒီယာတွေနဲ့ ပြည်ပသ
တင်းဌာနတွေဆီသတင်းပို့မယ်။
အဲ့ဒီ မီဒီယာတွေနဲ့ ပြည်ပသတင်းဌာနတွေကကလည်း ESOs နဲ့ PDF တွေ သတင်းပို့တာကို အခြေပြုပြီး ဖြစ်စဥ်အမှန်နဲ့ ဖြစ်စဥ်အမှားကို ရောမယ်၊
အကြမ်းဖက် စစ်ကောင်စီက လေကြောင်းအင်အားသုံး
ပြီး ပြည်သူတွေကို သတ်နေပါတယ် ၊ စစ်ကောင်စီ မီးရှို့
လို့ စစ်ကိုင်းတိုင်း တစ်တိုင်းလုံး ပြာကျ ကုန်ပါပြီ ၊
အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ကြောက်လို့ ရွာသူ ရွာသားတွေက ရွာမှာ မနေရဘဲ ၊ ထွက်ပြေးတိမ်းရှောင်နေရပါတယ် ၊
စစ်ဘေးဒုက္ခသည်တွေ ဘယ်ရွေ့ဘယ်မျှ ရှိနေပါပြီလို့ ကမ္ဘာက ကြားအောင် ဝါဒဖြန့်ကြပြန်တယ်။
အဲ့ဒီ သတင်းဌာနတွေရဲ့ ဝါဒဖြန့်မှု အပေါ်မူတည်ပြီး -
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ၊မလေးရှား
အင်ဒိုနီးရှား ၊စင်္ကာပူလို အာဆီယံနိုင်ငံတွေ ၊US ဦးဆောင်
တဲ့ အနောက်နိုင်ငံတွေက
အကြမ်းဖက် စစ်ကောင်စီဟာ ၊ လူ့အခွင့်အရေးချိုး
ဖောက်တယ် ၊ လူသားချင်းစာနာထောက်ထားမှု မရှိဘူး
ဒါကြောင့်
စစ်ကောင်စီကို စီးပွားရေးအရ အရေးယူပိတ်ဆို့ရမယ်၊
အကြမ်းဖက် စစ်တပ်ကို ပြင်းထန်စွာရှုတ်ချတယ် ဆိုပြီး
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာမဲခွဲဆုံးဖြတ် ပစ်တင်
ရှုတ်ချကြတယ်။
ဒီနေ့ အစ္စရေးက ပါလက်စတိုင်းကို ဝင်တိုက်နေတာဟာ
ဟားမတ်စ်တွေ အပြင် စစ်ပွဲနဲ့ မဆိုင်တဲ့ ပါလက်စတိုင်း
ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မျိုးတုန်အောင် သတ်
ဖြတ်နေတာဖြစ်ပါတယ်။
(အဲ့ဒီလို တိုက်တာကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက
အားပေးကူညီနေပါတယ်။)
တပ်မတော် စစ်ကြောင်းတွေက EAOs နဲ့ PDF စခန်းတွေ
ကို တိုက်နေရတာက
EAOs PDF တွေက သူတို့ရဲ့ အမာခံကျေးရွာထဲက
ဘုန်းကြီးကျောင်းတွေနဲ့စာသင်ကျောင်းတွေထဲမှာ စခန်း
ချထားလို့ ၊ ရွာထဲမှာရှိတဲ့ သူတို့ရဲ့ စခန်းတွေကို ဝင်တိုက်
ရတာဖြစ်ပါတယ်။
အစ္စရေး အခြေအနေနဲ့ ကွာခြားပါတယ်။
ကျွန်တော် အဓိကပြောချင်တာက
သတင်းထောက်က မေးလို့ အစ္စရေးစစ်တပ်က ပြန်ဖြေ
သလို
ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်ဖြေခဲ့မယ် ဆိုရင်?
အစ္စရေးလုပ်သလို တပ်မတော်က လုပ်ခဲ့မယ်ဆိုရင်?
ကမ္ဘာကြီးက ဘာပြောမလဲ?
(ဆီမီးအိမ်)
23 - 10 - 2023
Post a Comment